၁၅ ဒီဇင်ဘာ ၂၀၂၀ - ၁၉:၄၄
မိုဒီရဲ့ မွတ်စလင် ဆန့်ကျင်ရေး ဥပဒေမူကြမ်း  တွေကို ဆန့်ကျင် ဆန္ဒပြတဲ့ အိန္ဒိယသားတွေ ကို ဆော်ဒီပြန်ပို့

ဝန်ကြီးချုပ်နာရန်ဒါမိုဒီရဲ့ လက်ယာယိမ်းဟိန္နူအမျိုးသားရေးဝါဒီအစိုးရတင်သွင်းလာခဲ့တဲ့ အငြင်းပွားဖွယ်ရာနိုင်ငံသားဥပဒေကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုတွေအတွက် ပင်လယ်ကွေ့နိုင်ငံတွင်း နေထိုင်နေကြတဲ့ ဒေသခံနေထိုင်သူမဟုတ်တဲ့အိန္ဒိယသား(NRI) အများအပြားကို ဆော်ဒီကပြန်ပို့ခဲ့ကြောင်း အာရပ်သတင်းဌာနကဖော်ပြခဲ့ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဝန်ကြီးချုပ်နာရန်ဒါမိုဒီရဲ့ လက်ယာယိမ်းဟိန္နူအမျိုးသားရေးဝါဒီအစိုးရတင်သွင်းလာခဲ့တဲ့ အငြင်းပွားဖွယ်ရာနိုင်ငံသားဥပဒေကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုတွေအတွက် ပင်လယ်ကွေ့နိုင်ငံတွင်း နေထိုင်နေကြတဲ့ ဒေသခံနေထိုင်သူမဟုတ်တဲ့အိန္ဒိယသား(NRI) အများအပြားကို ဆော်ဒီကပြန်ပို့ခဲ့ကြောင်း အာရပ်သတင်းဌာနကဖော်ပြခဲ့ပါတယ်။


ပြီးခဲ့တဲ့နှစ်တုန်းက အိန္ဒိယရဲ့ နိုင်ငံသား မှတ်ပုံတင်စာရင်းသွင်း(NRC) ကို အမျိုးသမီးအများစုဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ထိုင်သပိတ် ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ဆော်ဒီနိုင်ငံ ဂျေဒက်ဟ်မြို့မှာနေထိုင်နေကြတဲ့ အိန္ဒိယသားတွေက ဒီဥပဒေမူကြမ်းတင်သွင်းလာတဲ့အပေါ်ဆန့်ကျင်တဲ့ ဆိုင်း ဘုတ်တွေကိုင်ဆောင်ပြီး ထိုင်သပိတ်ဆင်နွဲနေကြတဲ့ ဆန္ဒပြသူတွေနဲ့အတူစည်းလုံးညီညွတ်မှုရှိကြောင်း ပြသခဲ့ကြတာဖြစ်ပါတယ်။


ဒီဆန္ဒထုတ်ဖော်မှုတွေဟာ NRI အိန္ဒိယသားတွေအတွက်ပြဿနာဖြစ်ခဲ့ပြီး ဘယ်လိုစုဝေးဆန္ဒပြမှုမဆို တားမြစ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရပြီးနောက် အိန္ဒိယကိုပြန်ပို့ခံခဲ့ရကြောင်း သတင်းမှာဖော်ပြထားပါတယ်။ ဘယ်လိုဆန္ဒပြ စုဝေးမှုကိုမဆို ပင်လယ်ကွေ့နိုင်ငံတွေက လုံးဝသည်းခံခြင်းမရှိပါဘူး။ ဒါပေမယ့်ဆန္ဒထုတ်ဖော်ခဲ့ကြသူတစ်ချို့ဟာ ငယ်ရွယ်တာကြောင့် ဒီအခြေခံစည်းမျဉ်းတွေကိုသိရှိခဲ့ခြင်းမရှိကြောင်းဆိုပါတယ်။ အများအပြားဟာလည်း လူမှုမီဒီယာပေါ်မှာ အားပေးထောက်  ခံမှုတွေပြသခဲ့တဲ့အတွက် ပြဿနာတတ်ခဲ့ပါတယ်။


မိုဒီအစိုးရက NRC ဥပဒေတင်သွင်းလာတဲ့အပေါ် အများအပြားကဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ အိန္ဒိယရဲ့မူဝါဒပုံစံကို ဟိန္နူအမျိုးသားရေး အစိုးရကပြောင်းလဲဖို့ ကြံရွယ်မှုအဖြစ် အများအပြားကဝေဖန်ထားပါတယ်။ ၂၀၁၉ခုနှစ်မှာ မိုဒီပြန်ရွေးကောက်ခံရပြီးနောက် နိုင်ငံသားပြင်ဆင်ချက်ဥပဒေ(CAB) ကိုတင်သွင်းလာခဲ့ပါတယ်။ ဒီအငြင်းပွားဖွယ်လုပ်ရပ်ဟာ နိုင်ငံရဲ့သန်း၂၀၀သောမွတ်စလင်နိုင်ငံသားတွေရဲ့အခြေအနေကို ဒုတိယအဆင့်လျှော့ချဖို့ ခြိမ်းခြောက်မှုအဖြစ် ဝေဖန်သူတွေက ဆိုထားပါတယ်။


အိန္ဒိယရဲ့ အာသံဒေသမှာတော့ နိုင်ငံသားမှတ်ပုံတင်စာရင်းသွင်း(NRC) လုပ်ငန်းစဉ် ကနေ လူပေါင်း၂သန်းနီးပါး ဖယ်ထုတ်ခံခဲ့ရပါတယ်။ အဲဒါနဲ့တစ်ချိန်တည်းဖြစ်တဲ့ ၂၀၁၉ခုနှစ်အောက်တိုဘာမှာ ဆော်ဒီအိမ်ရှေ့စံမင်းသားမိုဟာမက်ဘင်ဆလ်မန် နယူးဒေလီမြို့ကိုလာရောက်စဉ်အတွင်း မဟာဗျူဟာအသစ်မိတ်ဖက်ကောင်စီကသဘော တူညီချက်ရရှိ ပြီးနောက် နှစ်နိုင်ငံမိတ်ဖက်အခြေအနေ အထူးသဖြင့်လုံခြုံရေးကဏ္ဍတွေမှာ တိုးမြှင့်လုပ်ဆောင်သွားဖို့ ဆော်ဒီနဲ့ အိန္ဒိယတို့သဘောတူညီခဲ့ပါတယ်။


Middle East Monitor သတင်းဌာနပါ “Saudi deported Indians for protesting against Narendra Modi’s anti-Muslim register” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



******************************************
END / 251