အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံရဲ့ ပထမဆုံး အဝေးထိန်း လူမဲ့စစ်ရေယာဉ်တစ်စီးကို တူရကီက အခုတစ်ပတ်မှာ ထုတ်ပြခဲ့ပြီး စမ်းသပ်မောင်းနှင်မှုကို လကုန်ပိုင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
Blue Homeland လို့ မည်ပြောင်ပေးထားတဲ့ အဲဒီရေယာဉ်ကို တူရကီ ပြည်တွင်းကုမ္ပဏီနှစ်ခု ပူးပေါင်း ဖန်တီးတာပါ။ အောက်တိုဘာလက ဒီစီမံကိန်းကို ကြေငြာခဲ့ပြီး အခု ဒီဇင်ဘာမှာ ပုံတူတစ်စီးကို ထုတ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်းအတွက် ၃ နှစ်လောက် သုတေသနတွေ လုပ်ခဲ့ရတာ ဖြစ်ပါတယ်။
ULAQ စီးရီးရဲ့ ပထမဆုံး ရေယာဉ်ဖြစ်ပြီး တစ်နာရီ မိုင် ၄၀ နှုန်းနဲ့ ၂၄၉ မိုင်အထိ မောင်းနှင်နိုင်ပါတယ်။ ဉာဏ်ရည်တုနည်းပညာ (AI)၊ ညဘက်မောင်းနှင်နိုင်မယ့် နည်းပညာမျိုး တပ်ဆင်ထားပြီး၊ လျှို့ဝှက် ဆက်သွယ်ရေးစနစ်လည်း ပါဝင်ပါတယ်။
ဒီ မောင်းသူနဲ့သင်္ဘောကို ထောက်လှမ်းရေး၊ ကာကွယ်ရေး၊ အီလက်ထရောနစ်စစ်ပွဲ စသဖြင့် ဘက်စုံသုံးနိုင်မှာပါ။ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်နိုင်ပြီး ဒီသင်္ဘောမှာ အသုံးပြုနိုင်မယ့် ဒုံးကျည်တွေကိုလည်း တူကရကီပြည်တွင်းမှာပဲ ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။ လကုန်ပိုင်းမှာလုပ်မယ့် စမ်းသပ်မောင်းနှင်မှုမှာ ဒုံးကျည်တွေလည်း စမ်းသပ်ပစ်ခတ်မှာ ဖြစ်ပါတယ်။
ဒီသင်္ဘောကြောင့် အေဂျီယံပင်လယ်နဲ့ မြေထဲပင်လယ်တွေမှာ မိမိတို့ ရေတပ်အင်အားကို မဟာဗျူဟာကျတဲ့ အားသာမှုမျိုး ရရှိစေလိမ့်မယ်လို့ တူရကီအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
******************************************
END / 251