၂၅ ဒီဇင်ဘာ ၂၀၂၀ - ၂၀:၂၆
၁၄ ရက် အတွင်း ပိုးမတွေ့သည့် မြို့နယ်များကို Stay at home ဖြေလျှော့ပေးရန် စီစဉ်နေ

လုပ်ငန်းတာဝန်တွေ ပြန်လည်လည်ပတ်နိုင်နိုင်ဖို့အတွက် ၁၄ ရက်အတွင်း ပိုးမတွေ့တဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေကို Stay at home အစီအစဉ်ကနေ ဖြေလျှော့ပေးဖို့ တင်ပြထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လုပ်ငန်းတာဝန်တွေ ပြန်လည်လည်ပတ်နိုင်နိုင်ဖို့အတွက်  ၁၄ ရက်အတွင်း ပိုးမတွေ့တဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေကို Stay at home အစီအစဉ်ကနေ ဖြေလျှော့ပေးဖို့ တင်ပြထားတယ်လို့  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းပါဝင်တဲ့  ရပ်/ကျေးအုပ်စု ၃၀၀ ကျော်ကို  Stay at Home အစီအစဉ်ကနေ ဖြေလျှော့ပေးဖို့ကို  စီစဉ်နေတာလို့ ဆိုပါတယ်။

ရန်ကုန်မှာ ရောဂါပိုးကူးစက်ခံထားရသူ လေးထောင်ကျော်ဝန်းကျင်ပဲကျန်ရှိနေပြီး ပိုးတွေ့မှုနှုန်းကလည်း ကျဆင်းလာတဲ့အတွက် ကိုဗစ် စင်တာအချို့ကိုလည်း  ပိတ်သိမ်းဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်တိုင်းအတွင်းက  ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်တဲ့ မြို့နယ်တွေဟာ  Stay at home သတ်မှတ်ထားဆဲပဲဖြစ်ပါတယ်။

******************************************

END / 251