၂၉ ဒီဇင်ဘာ ၂၀၂၀ - ၂၀:၂၅
ဆော်ဒီအာရေဗျ နိုင်ငံ တွင် အမျိုးသမီး များ ၏ ရပိုင်ခွင့် အတွက် လှုပ်ရှား သူ အား ထောင်ဒဏ် ၅ နှစ်နှင့် ၈လ ချမှတ်

ဆော်ဒီအာရေဗျ နိုင်ငံ တွင် အမျိုးသမီး များ ၏ ရပိုင်ခွင့် အတွက် လှုပ်ရှား သူ အမျိုးသမီး လဂျီးန်အလ်ဟဇ်လိုလ် အား ထောင်ဒဏ် ၅ နှစ်နှင့် ၈လ ချမှတ် ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်သတင်းဌာန ၏ သတင်း အထောက်အထား အရ ဆော်ဒီအာရေဗျ နိုင်ငံ တွင် အမျိုးသမီး များ ၏ ရပိုင်ခွင့် အတွက် လှုပ်ရှား သူ အမျိုးသမီး လဂျီးန်အလ်ဟဇ်လိုလ် အား ထောင်ဒဏ် ၅ နှစ်နှင့် ၈လ ချမှတ် ခဲ့ပါတယ်။

သတင်းအထောက်အထားများအရ အကြမ်းဖက်မှု ဆန့်ကျင်ရေး တရားရုံး မှ အမျိုးသမီးများ အခွင့်အရေး အတွက် နာမည် ကျော် လှုပ်ရှားသူ ၊ ၃၁ နှစ်အရွယ် ရှိ လဂျီးန်အလ်ဟဇ်လိုလ် အား ထောင်ဒဏ် ၅ နှစ်နှင့် ၈လ ချမှတ် ခဲ့ကြောင်း သိရှိ ရပါတယ်။

အကြမ်းဖက်မှု ဆန့်ကျင်ရေး တရားရုံး မှ မိမိ၏ဆုံးဖြတ်ချက် တွင် အထက်ပါ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူအား တိုင်းပြည်အတွက် သတ်မှတ်ချက် များ ကို ပျက်စီးစေမှု ၊ သတ်မှတ်ချက်များကို ပြောင်းလဲ ရန် ဆန္ဒပြမှု ၊ ပြည်ပ အေဂျင် ဖြစ်မှု ၊ အင်တာနက်ဖြင့် ပြည်သူလူထုအားလှုံ့ ဆော် ခြင်း စသည့် ရာဇဝတ်မှုများ ကျူးလွန် ခဲ့သည့် အတွက်ကြောင့် ဟု ဆိုထားပါတယ်။

အသက် ၃၀ အရွယ်ရှိ သူမ အနေဖြင့် တရားစီရင်ချက် ကို ရက် ၃၀ အတွင်း အယူခံ ဝင် နိုင် ပါတယ်။ သို့သော် သူမ ၏ အိမ်သူအိမ်သားများ မှ တရားရုံး ၏ တရားစီရင်ချက် ရေးသားထားသည့် အမိန့် စာသား အလာ ကို စောင့်နေကြောင်း ပြီး မှ ဆုံး ဖြတ်ချက် ချ ကြမည် ဖြစ်ကြောင်း ပြောပြ ပါတယ်။

မှတ်သားရမည့် အချက်မှာ ဂျစ်ဒါ တွင် ဖွားမြင်သူ လဂျီးန်အလ်ဟဇ်လိုလ် အား ၂၀၁၈ ခုနှစ် တွင် လည်း အခြား အမျိုး သမီး ၁၂ ဦး နှင့်အတူ ထိန်းသိမ်းခဲ့ပါတယ်။ အာရပ် သတင်းဌာနများ ၏ သတင်း အထောက်အထားများ အရ ဆော်ဒီ တရား ရုံးများ သည် ဆော်ဒီ အိမ်ရှေ့ မင်းသား မိုဟမ္မဒ် ဗင် စလ်မန် ၏ ဆော်ဒီ ဥပဒေများ ကို ပြောင်းလဲ ပြီး အနောက်တိုင်း ယဉ်ကျေး မှု ဖြစ်လာအောင် တွန်းပို့နေမှု အတွက် နှုတ်ဆိတ်နေကြကြောင်း ဖြစ်ပါတယ်။