အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြီးခဲ့တဲ့နှစ်တုန်းက အီရတ်ထိပ်တန်းစစ်ဘက်အရာရှိ အဘူမာဟ်ဒီအလ်မူဟန်ဒစ်ကို သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအစိတ်အပိုင်းတစ်ရပ်အနေနဲ့ ဘဂ္ဂဒက်တရားရုံးက အမေရိကန်သမ္မတထရန့်ကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
အီရတ်ပေါ်ပြူလာလှုပ်ရှားရေးလက်နက်ကိုင်တပ်ဖွဲ့လက်ထောက်အကြီးအကဲအရာရှိ အလ်မူဟန်ဒစ်ဟာ အမေရိကန်ရဲ့ဒရုန်းနဲ့လုပ်ကြံတိုက်ခိုက်မှုနဲ့ ၂၀၂၀ ဇန်နဝါရီ ၃ရက်နေ့မှာ ဘဂ္ဂဒက်လေဆိပ်အနီးမှာပဲ အီရန်ထိပ်တန်းစစ်ဗိုလ်ချုပ်ဆိုလိုင်မာနီနဲ့အတူ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို ထရန့်ကအမိန့်ပေးခဲ့တာဖြစ်ပါတယ်။
တရားလက်လွတ်ပြုကျင့်မှုဆိုင်ရာ ခေါ် ဥပဒေမဲ့သတ်ဖြတ်သုတ်သင်မှု ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် အန်ဂတ်စ်ကာလာမက်ဒ်က သူတို့နှစ်ဦးသတ်ဖြတ်ခံရမှုဟာ ဥပဒေမဲ့သုတ်သင်ခံရမှုဖြစ်ကြောင်း ဖော်ပြပြောဆိုခဲ့ပါတယ်။ အီရန်ကလည်း ထရန့်ကို ပြီးခဲ့တဲ့ဇွန်လတုန်းက ဖမ်းဝရမ်းထုတ်ခဲ့ပြီးဖြစ်ပါတယ်။ အဂ္ဂဒက်အရှေ့ပိုင်းတရားရုံးက ထရန့်ကို ဥပဒေပုဒ်မ ၄၀၆အောက်မှာ ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပြီး ဒီပုဒ်မဟာ ကြိုတင်ကြံစည်လူသတ်မှုပုဒ်မဖြစ်ပြီး သေဒဏ်ချမှတ်နိုင်ကြောင်း တရားရေးပိုင်းကပြောကြားခဲ့ပါတယ်။
သေဆုံးခဲ့သူ အဘူမဟ်ဒီအလ်မူဟန်ဒစ်ရဲ့ မိသားစုတွေရဲ့ထွက်ဆိုချက်တွေကို တရားသူကြီးတွေက မှတ်တမ်းရယူပြီးနောက် ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ကြောင်း တရားရုံးကပြောကြားခဲ့ပါတယ်။ အကြိုစုံစမ်းစစ်ဆေးမှုတွေလည်းပြီးပြတ်ခဲ့ပြီဖြစ်ပေမယ့် ဒီရာဇဝတ်မှုနဲ့ပတ်သက်ပြီး ကျူးလွန်သူတရားသူတွေဟာ အီရတ်နိုင်ငံသားတွေဒါမှမဟုတ် နိုင်ငံခြားသားတွေကိုဖော်ထုတ်ဖို့ ဆက်လက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တရားရုံးကပြောကြားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “Iraqi court orders Trump arrest over Soleimani drone strike” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
###################################
END / 251