၁၅ ဇန်နဝါရီ ၂၀၂၁ - ၁၈:၀၇
NLD ရွေးကောက်ပွဲ အနိုင်ရ သည့် အပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း နော်ဝေ  နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့တဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Ms. Ine Eriksen Søreideက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့တဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Ms. Ine Eriksen Søreideက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးတို့ ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်က  တယ်လီကွန်ဖရင့်နဲ့ဆက်သွယ် ဆွေးနွေးစဉ် ပြောကြားခဲ့တာလို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ဆွေးနွေးရာမှာ မြန်မာနဲ့ နော်ဝေနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးတဲ့ ဆက်ဆံရေး ပိုမိုမြှင့်တင်သွားရေး၊ ရာသီဥတုပြောင်းလဲမှု၊ အမုန်းစကားပြန့်ပွားမှု တားဆီးကာကွယ်ရေး၊ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ နော်ဝေနိုင်ငံက ဆက်လက်ကူညီပံ့ပိုးသွားဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


********************************************
END / 251