အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဂိုလာန်မ် ဟစနိုင်း ဝစ်ဂျ်သာနီ မှ ထင်ရှားသော ဘာသာရေးဆရာ ဖြစ်ပြီး အိုမရဟ် ခရီးစဉ်အတွက် ဆော်ဒီအာရေဗျနိုင်ငံ သို့ သွားရောက်ခဲ့ပါတယ်။ ဤ ကွေတာမြို့ သောကြာနမာဇ် ရှေ့ဆောင်ဆရာ သည် ဧပြီလ ၁၉ ရက်နေ့ ၂၀၂၅ ခုနှစ် တွင် ဆော်ဒီ နိုင်ငံ သွာအေဖ် လေဆိပ်တွင် သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး အမည်မသိနေရာသို့ ပြောင်း ရွေ့ခြင်းခံထားရကြောင်း သိရပါတယ်။
၂၈ ရက်ကြာ ဖမ်းဆီးခံရပြီးနောက်တွင် ဤအာလင်မ် ၏ အခြေအနေနှင့်ပတ်သက်ပြီး သတင်း တစ်စုံတစ်ရာမရှိသဖြင့် ၎င်း၏ မိသားစုမှာ လုံးဝသတင်းမရှိဘဲ ဖြစ်နေပါတယ်။ တစ်လနီး ပါးကြာသွား ခဲ့သော်လည်း ပါကစ္စတန်နိုင်ငံခြားရေးဌာနနှင့် ဆော်ဒီအာရေဗျနိုင်ငံရှိ ပါကစ္စတန် သံရုံးတို့က ဤ အာလင်မ် ၏အခြေအနေနှင့်ပတ်သက်ပြီး ထိရောက်စွာအရေးယူမှုတစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း ဝမ်းနည်းစွာ သိရှိရပါတယ်။
ကွေတာမြို့ သောကြာနမာဇ် ရှေ့ဆောင်ဆရာ H.I ဂိုလာန်မ် ဟစနိုင်း ဝစ်ဂျ်သာနီ သည် မိမိ ၏မိသားစုနှင့်အတူ ကွေတာ ရှိ လမ်းပေါ်တွင် အကြောင်းပြချက်မရှိဘဲ အကြမ်းဖက်မှု တန်ပြန်ရေးဌာန (CTD) မှ လွန်ခဲ့သည့် ၃ နှစ်က ဖမ်းဆီးခံကိုလည် ခံခဲ့ရသူ ဖြစ်ပါတယ်။
ယခုအခါ ပါကစ္စတန်ရှိ H.I ဂိုလာန်မ် ဟစနိုင်း ဝစ်ဂျ်သာနီ ၏ မိသား စု ဝင်များ နှင့် ရှီအဟ် အိုလမာ က ဤ အာလင်မ်အား ချက်ချင်းလွတ်ပေးပြီး နိုင်ငံတွင်းသို့ ပြန်ပို့ရန် အစိုးရကို တောင်းဆိုထားပါတယ်။ အကယ်၍ ဤလျစ်လျူရှုမှု သာ ဆက်လက်ရှိနေပါက အစ္စလာမာဘတ်ရှိ ဆော်ဒီသံရုံးရှေ့တွင် ကြီးမားသော ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းတို့က သတိပေးထားကြောင်း သိရပါတယ်။
အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် ဤ အာလင်မ် အား ထိန်းသိမ်းစောင့်ရှောက်တော်မူပြီး အမြန်ဆုံး လွတ်မြောက် ခွင့် ပေးသနားတော်မူပါဟု ဒိုအာ ပြုအပ်ပါတယ်။
.......................................................
END / 251
Your Comment