အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အစီရင်ခံစာအရ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် က အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် မေလ ၂၆ ရက် တနင်္လာနေ့ ညနေပိုင်း တွင် ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် ကိုယ်စား လှယ်အဖွဲ့ ဝင်များအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် အီရန် အစ္စ လာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် ကျွန်ုပ်တို့၏ ဒုတိယမြောက်အိမ်ဖြစ်ပြီး တီဟီရန်သို့ ဤခရီးစဉ် သည် ကျွန်ုပ်တို့အတွက် သမိုင်းဝင် အရေးကြီးကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် က ပြောကြား ခဲ့ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် က အီရန် နှင့် ပါကစ္စတန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တွေရဲ့ တွေ့ဆုံမှုဟာ အပြုသဘောဆောင်ပြီး အိမ်နီးချင်းနိုင်ငံ အီရန် နှင့် ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှာ သဘောတူ ညီချက်တွေ ရယူလိုကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်နှင့် ပါကစ္စတန်ကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများနှင့် သမိုင်းဝင် ဆက်ဆံရေးသည် အလွန်ခိုင်မာပြီး နယ်ပယ်အသီးသီးတွင် ကျွန်ုပ်တို့အကြား အလွန်ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများ ရှိလာစေရန် အဆိုပါဆက်ဆံရေးတွင် ယင်းသို့သော အပြောင်းအလဲများ ဆောင်ကြဉ်းလာရန် လိုအပ်သည်ဟု ပါကစ္စတန် ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ် မှ က အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ၏ တယ်လီဖုန်းခေါ်ဆိုမှုနှင့် အိန္ဒိယ ၊ပါကစ္စတန် ရှိ အခြေအနေအပေါ် ၎င်း၏ စိုးရိမ်ပူပန်မှုကို တန်ဖိုးထားကြောင်း ပါကစ္စတန် ပြည်သူများ အပေါ် ညီရင်းအစ်ကို ခံစားချက်များကို ကျွန်ုပ်တို့ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ထူးချွန် ထက်မြက်သည့် သံတမန်တစ်ဦးဖြစ်သည့် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ကို ကြိုဆိုရန် အခွင့်အရေးကောင်း ရရှိကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် က ပြောကြားခဲ့ပါတယ်။
ခရီးစဉ်အတွင်း အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် အလွန်ကောင်းမွန်သော စကားပြောဆိုမှုများရှိခဲ့ပြီး အလ္လာဟ် ဟို အရှင်မြတ် ၏ အကူအညီဖြင့် ပါကစ္စတန်သည် ဤအကျပ်အတည်းမှ အောင်ပွဲခံခဲ့ပြီး မိမိ တို့နိုင်ငံ ၏ လက်နက်ကိုင်တပ်ဖွဲ့များ၏ ပံ့ပိုးမှုနှင့် ပါကစ္စတန်ပြည်သူများ၏ ပံ့ပိုးမှု၏ ရလဒ်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် က ဆက်လက် ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်သည် ငြိမ်းချမ်းရေးကို လိုလားကြောင်း အလေးပေးပြောကြားပြီး တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုကြောင်း၊ ကက်ရ်ှမီးယားကဲ့သို့ ပြဿနာများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းစေလိုကြောင်း လည်း ပါကစ္စတန် ဝန်ကြီး ချုပ် မှ ပြောကြားခဲ့ပါတယ်။
ရေ ၊ ကုန်သွယ်ရေးနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် အိန္ဒိယနဲ့ ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီကြောင်း အကယ်၍ အိန္ဒိယအနေဖြင့် တိုက်ခိုက်ချင်ရင် မိမိ ကိုယ့်ကိုခုခံကာကွယ်သွားမည် ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေးကို လက်ခံရင် အလေးအနက်ထားဖြစ်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် က ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသတွင် အပြစ်မဲ့ပြည်သူ ၅၀၀၀၀ ကျော် သေဆုံးခဲ့ရမှုကို ရှုတ်ချသည့်အနေဖြင့် ယခုအချိန်သည် နိုင်ငံတကာအသိုက်အဝန်း၏ သြဇာလွှမ်းမိုးမှုကို အသုံးပြုရန် အချိန်တန်ပြီ ဖြစ်ကြောင်း ပါကစ္စတန်သည် ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနှင့် အောင်မြင်မှုအတွက် မိမိ ၏ ညီအစ်ကို မောင်နှမများကို ပံ့ပိုး ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အီရန်၏ အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် ငြိမ်းချမ်းသော နျူကလီးယားနည်းပညာ ပိုင်ဆိုင်ခွင့်ကို ထောက်ခံကြောင်း ပြောကြားခြင်းဖြင့် မိမိ ၏မိန့်ခွန်းကို နိဂုံးချုပ် ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် မှ ပြောကြား ခဲ့ပါတယ်။
.......................................................
END / 251
Your Comment