အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန် နိုင်ငံ ၏ စွန္နီအာလင်မ် မုဖ်သီ ဆိုဟိုင်းလ်အမ်ဂျဒီသည် ပါကစ္စတန် နိုင်ငံ ၏ ရှီအဟ် အာလင်မ် H.I ဒေါက်တာ ဒါဝူဒ်ဒါနီ ၏မိခင် အလ္လာဟ် အမိန့်ခံသွားသည့် အတွက် ဝမ်းနည်းကြောင်း စကားပြောကြားရန် သွားရောက် တွေ့ဆုံခဲ့ပြီး အောက်ပါအတိုင်း စကားဆိုခဲ့ကြပါတယ်။
မုဖ်သီ ဆိုဟိုင်းလ်အမ်ဂျဒီ - ကျနော်ဟဂျ်ပြုလုပ်နေသည့် အတွက် ကြောင့် လူကြီးမင်း၏ မိခင် ၏စျာပနာ အစီအစဥ် မှာ မတက်ရောက်နိုင်ခဲ့ပါဘူး။ ဟဂျ်၏ ဆဝါးဗ် ကို လူကြီးမင်း ၏ မရ်ဟွန်မဟ် မိခင်မွန် ကို ဟဒီယဟ် (လက်ဆောင်) အဖြစ် ပို့ပေးခဲ့ပါတယ်။
H.I ဒေါက်တာ ဒါဝူဒ်ဒါနီ - လူကြီးမင်း ၏ နဖူးပြင်ကိုနမ်းပြီး လူကြီးမင်းအားကျေးဇူးတင်ရမည်မှာ ကျနော်၏ တာဝန် ဖြစ်ပါတယ် ။ အလ္လာဟ်ဟို အရှင်မြတ် သခင် လူကြီးမင်းအား ကောင်းမြတ်သည့် အစား ပေးသနားတော် မူပါစေ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment