အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Irna သတင်းဌာန ၏ အစီရင်ခံစာ အရ IRGC မြေပြင်တပ်ဖွဲ့ ၏ ကရ်ဗလာ တပ်ရင်း ဌာနချုပ် မှ တပ်ရင်းမှူး အဲဟ်မဒ် ခါဒန်မ် ဆယက်ဒ်ဒိုရှ်ရှိုဟဒါ မှတနင်္ဂနွေ နေ့တွင် အဲဟ်ဝါဇ် ၌မကြာသေးမီက အဖြစ်အပျက်တွင် ရန်သူ၏ လေးဘက်လေးမျက်နှာ မှ တိုက်ခိုက်မှုကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရပြီး ယင်းတိုက်ခိုက်မှုများသည် ဒရုန်းများနှင့် ဒုံးကျည်ရာပေါင်းများစွာကို တပြိုင်နက်တည်း ပစ်ခတ်ခြင်းဖြင့် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး နိုင်ငံကို ခွဲခြမ်း ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ရန်သူ၏ လေးဘက်လေးမျက်နှာမှ ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများနှင့်အတူ နိုင်ငံအတွင်း အစ္စလာမ်မစ် တော်လှန်ရေး ကိုဆန့်ကျင်သည် အဖွဲ့ နှင့် နယ်စပ်မှ စိမ့်ဝင်နေသူများ လည်း ပုန် ကြွလာကြောင်း ပြောကြားခဲ့ပါတယ်။
IRGC မြေပြင်တပ်ဖွဲ့ ၏ ကရ်ဗလာ တပ်ရင်း ဌာနချုပ် မှ တပ်ရင်းမှူး က အဆိုပါ အခြေအနေများအောက်တွင် အီရန်စစ်တပ်၏ ဒုံးကျည်များ၊ ဒရုန်းများ၊ လေကြောင်းရန် ကာကွယ်ရေးနှင့် အီလက်ထရွန်းနစ် စစ်ဆင်ရေး ယူနစ်များသည် ရန်သူ၏ လေးဘက်လေးမျက်နှာ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ကွင်းပြင်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ယနေ့တွင် အီရန်စစ်တပ်သည် ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန်သာမက ချစ်လှစွာသော အမိမြေကို ကာကွယ်ရန်သာမက ရန်သူ အပေါ် ပြီးပြည့်စုံသော အောင်ပွဲခံနိုင် ရန်လည်း အပြည့်အဝ ပြင်ဆင်ထားကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
IRGC မြေပြင်တပ်ဖွဲ့ ၏ ကရ်ဗလာ တပ်ရင်း ဌာနချုပ် မှ တပ်ရင်းမှူး အဲဟ်မဒ် ခါဒန်မ် ဆယက်ဒ်ဒိုရှ်ရှိုဟဒါ က အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ် သည် သက်ဝင်ယုံကြည်သူများအား အောင်ပွဲခံရန် ကတိပြုထားပြီး အာဇာနည် ဗိုလ်ချုပ် ရရှီဒီ နှင့် အာဇာနည် မဲဟ်ရာဘီ ကဲ့သို့သော အာဇာနည်များ၏ လမ်းစဉ်အတိုင်း လိုက်လျှောက် ပြီး ဤတော်လှန်ရေးကို နောက်ဆုံး သွေးစက်ကျန်သည့် အထိ နော်ကဆုံးထွက်သက်အထိ ခုခံ ကာကွယ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment