အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လက်ဘနွန် နိုင်၏ မြို့တော် ဘေရွတ် မြို့ ၏ တောင်ပိုင်းဆင်ခြေဖုံးများတွင်ကျင်းပသည့် အာရှုရာနေ့ အခမ်း အနားတွင် လက်ဘနွန်ရှိ လက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ရှိက်ခ် နအီးမ် ကာစင်မ် က မိမိတို့သည် ကြံ့ကြံ့ခံ ခုခံရေးလမ်းကြောင်းကို ဆက်လက်လုပ်ဆောင်ရန် နှင့် ဇီယွန်အစိုးရနှင့် မည် သည့် လက်နက်ချမှု သို့မဟုတ် ပုံမှန် ဆက်ဆံရေးကို ပြုမည်မဟုတ်ကြောင်း အလေးပေး ပြောကြား ခဲ့ပါ တယ်။
လက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ရှိက်ခ် နအီးမ် က သိမ်းပိုက်ခံထားရသော နယ်မြေများ လွတ်မြောက်ရေး ကြိုးပမ်းမှုသည် အချိန်ယူ၍ အနစ်နာခံမှု လိုအပ်သော်လည်း ကြံ့ကြံ့ခံ ခုခံ ကာကွယ်မှု ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇီယွန်ဝါဒီ ရန်သူသည် လက်ဘနွန်မြေပေါ်တွင် ပွိုင့် ငါးချက် ဆက်လက် သိမ်းပိုက်ထားကြောင်း ဤရန်လိုမှုသည် လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောကြား ခဲ့ပါတယ်။
ဆက်လက်ပြီး အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် အာရှုရာ ၏ စံနှုန်းများကို ဟစ်ဘွလ္လာဟ် ၏ လိုက်နာမှုအား ရည်ညွှန်း၍ ၎င်းက ကြံ့ကြံ့ခံ ခုခံမှု မီးတောက်သည် မငြိမ်းနိုင်ဘဲ နောင်လာနောက်သား မျိုးဆက်များ အတွက်လည်း အကျိုးရှိနေမည် ဖြစ်ကြောင်း ဤလမ်းကြောင်းသည် ရှဟီးဒ် အေမာမ် မူစာ ဆဒ်ရ် နှင့် ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် တို့ ၏ လမ်းကြောင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
H.I ရှိက်ခ် နအီးမ် က ဆက်လက်ပြီး ဇီယွန်ဝါဒီအစိုးရ၏ အပစ်အခတ်ရပ်စဲရေး အကြိမ်ကြိမ်ချိုးဖောက်မှုကို ဝေဖန် ပြောကြား ရင်း သဘောတူညီချက်အသစ် ၏ ခြိမ်းခြောက်မှုသည် လက်နက်ချ ရရန် မဟုတ်ကြောင်း ကြံ့ကြံ့ခံ ခုခံမှုသည် ဖြေရှင်းချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အစ္စရေးတည်ရှိမှုသည် ကပ်တစ်ခု ဖြစ်ကြောင်း မလွဲမသွ ရင်ဆိုင် ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထပ်လောင်း၍ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာကိစ္စရပ်များကို ဆွေးနွေးရန် အဆင်သင့်ဖြစ်နေသော်လည်း ယင်းမှာ သဘောတူညီချက်ကို အပြည့်အဝအကောင်အထည် ဖော်ရန်၊ သိမ်းပိုက် ခံနယ်မြေများမှ ဆုတ်ခွာရေး၊ ရန်လိုမှုများ ရပ်စဲရေး၊ ပြန်လည်တည်ဆောက်ရေး စတင်ချိန် တို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ရှိက်ခ် နအီးမ် ကာစင်မ် က ကျွန်ုပ်တို့သည် မြေပြင်က လူများ ဖြစ် ကြောင်း လက်လျော့ အရှုံး ပေးရမှု နှင့် သိက္ခာ အကျခံရမှု အကြား သိက္ခာ အကျခံမှု ကို ရွေးချယ်ခြင်း မှာ မိမိတို့၏ ဆောင်ပုဒ် ဖြစ်ကြောင်း ဟစ်ဘွလ္လာဟ် အနေဖြင့် စစ်ပြေငြိမ်း ရန် သို့မဟုတ် မိမိ နိုင်ငံ၏ ရပိုင်ခွင့်များ နှင့် ဂုဏ် သိက္ခာ ကို ကာကွယ် ရန် အတွက် ကာကွယ်စစ်ပြုဖို့ အသင့် ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။
H.I ရှိက်ခ် နအီးမ် ကာစင်မ် က ဟစ်ဘွလ္လာဟ် ၏ ဒုံးကျည်များကို ပေးအပ်ရန် လူအချို့၏ တောင်းဆိုမှုကိုလည်း ဝေဖန်ခဲ့ပြီး ဒုံးကျည်များသည် မိမိ တို့၏ ကာကွယ်ရေးစွမ်းအား၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး ၎င်းတို့ကို မည်သည့်အခါမျှ လက်လွတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒေသတွင်း ကြံ့ကြံ့ခံ ခုခံမှုကို ပံ့ပိုးရာတွင် အီရန်ခေါင်းဆောင် မှု နှင့် အီရန် နိုင်ငံသားများ၏ အခန်းကဏ္ဍကို ချီးကျူးခဲ့ပြီး အေမာမ် ခါမေနာအီ (အာယာသွလ္လာဟ် ခါမေနာအီ) သည် မိမိ ၏ ရဲစွမ်းသတ္တိနှင့် လမ်းညွှန်မှုဖြင့် ကျွန်ုပ်တို့အား ထောက်ခံခဲ့ပြီး အီရန်နိုင်ငံသည် မိမိတို့၏ ရပ်တည် ချက်ဖြင့် အစ္စရေးအား ၏ ရည်မှန်းချက်များ တားဆီးခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။
ဂါဇာနှင့် ယီမင်ပြည်သူများ၏ ခုခံမှုကို ချီးမွမ်း ပြောကြားရင်း ပါလက်စတိုင်းသည် ပါလက်စတိုင်းလူမျိုးများနှင့် သက်ဆိုင်ပြီး ကျွန်ုပ်တို့သည် ၎င်းတို့ဘက်မှ အမြဲရပ်တည်နေမည်ဖြစ်ပါသည်။ ယီမင်သည် အမေရိကန်နှင့် အစ္စရေးတို့ကို အရှက်ရစေသည့် ဂျေဟာဒ် နှင့် ဇွဲနဘဲတို့ ၏ သင်္ကေတလည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ရှိက်ခ် နအီးမ် က သည် ယခုနှစ် အာရှုရာ အခမ်းအနား တွင် ထူးခြားစွာလာရောက်သူအရေအတွက်ကို ဖော်ပြရင်း လမ်းမများ ပေါ်တွင် မဂျ်လစ်များ ကျင်းပခြင်း ၊ စတုဒိသာ တဲများ ၏ ဧည့်ခံ ပေးခြင်း တို့သည် ယခုနှစ်တွင် ယခင်ကထက် ပိုမိုစိတ်အားထက်သန်စွာ လာရောက် သူများ ၊ များပြား ကြောင်းကို သက်သေထူနေကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment