၁၃ ဇူလိုင် ၂၀၂၅ - ၀၇:၅၂
မာဇင်ဒရာန် တွင် နိုင်ငံခြား ထောက်လှမ်းရေး နှင့်  ဆက်နွယ်နေသည့် အကြမ်းဖက် ကွန်ရက်အား ဖမ်းဆီး

အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ ထောက်လှမ်းရေးယူနစ်သည် ရှုပ်ထွေးသောစစ်ဆင်ရေးတွင် နိုင်ငံခြား ထောက်လှမ်းရေး အေဂျင်စီတစ်ခုနှင့် ဆက်စပ်နေသည့် ကွန်ရက်တစ်ခုကို ဖော်ထုတ်ခြင်းဖြင့် အကြမ်းဖက်ရန်ကြံစည်မှုကို တားဆီးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ၊ မြောက်ပိုင်း မာဇင်ဒရာန် ပြည်နယ်ရှိ အစ္စလာမ်မစ် လှန်ရေး အစောင့်တပ် (IRGC) ၏ ထောက်လှမ်းရေးတပ်ဖွဲ့သည် နိုင်ငံရပ်ခြားတွင် အီရန်ဆန့်ကျင်ရေး အင်အားစုများ၏ တိုက်ရိုက် ညွှန်ကြားမှုအောက်တွင် အဖျက်စွမ်းအားကြီးမားသော စစ်ဆင်ရေးကို စီစဉ်နေသည့် အဓိက စစ်ဆင် ရေး အတွင်း အကြမ်းဖက်သမားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

အစ္စလာမ်မစ် လှန်ရေး အစောင့်တပ် (IRGC) မှ ထုတ်ပြန်သော ကြေငြာချက်တွင် အဆိုပါ ဖမ်းဆီးမှုသည် ရှုပ်ထွေးသော ထောက်လှမ်းရေး စစ်ဆင်ရေးဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါတယ်။ အေမာမ် ဇမာန်း (အ.ဂျ) ၏ စစ်သားများသည် အကြမ်းဖက်သမားကို အကြမ်းဖက် မှုကို မပြုမီ  အရင် အချိန်မီ အရေးယူခဲ့ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

ကြေညာချက်အရ၊ ဤကွန်ရက်၏အဖွဲ့ဝင်အများအပြားကိုလည်း ဤစစ်ဆင်ရေးအတွင်း ဖော်ထုတ်ဖမ်း ဆီးခဲ့ပါ တယ်။ဤအောင်မြင်သောလုပ်ဆောင်ချက်သည် ကြီးမားသောလုံခြုံရေးချိုးဖောက်မှုဖြစ်နိုင်ချေကို တားဆီး ထား ခြင်းဖြစ်ပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံအပေါ် အဖျက်သဘောဆောင်တဲ့ လုပ်ရပ်မှန်သမျှကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ ကရ်ဗလာ စစ်တပ်က သတိပေးထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha