၁၃ ဇူလိုင် ၂၀၂၅ - ၀၈:၃၃
အေမာမ် ခါမေနာအီ သည် ကျွန်ုပ် ခေတ်ကာလ၏ ဟဇရသ် မူစာ  ဖြစ်ပြီး ကမ္ဘာအာဏာရှင် ဇီယွန်စနစ် သုံးနေ သည့် ခေတ်ကာလ ဖေရ်အောင် ကိုရင်ဆိုင်နေကြောင်း / ဗီဒီယို

အကျော်အမော် ပါလက်စတိုင်း စွန္နီ အာလင်မ် ရှိက်ခ် ယူစွဖ် မရှ်လာဝီ မှ တတိယ အကြိမ် မြောက်ာ အွန်မသ် စည်းလုံးရေး ထိုင်ဝိုင်း တွင် ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော် တစ်ပါး ကို ရည်ညွှန်းပြီး ခေတ်တိုင်းတွင် မောရှေ (ဟဇရသ် မူစာ (အ.စ) နှင့် ဖာရော (ဖေရ်အောင် ) ဘုရင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကျော်အမော် ပါလက်စတိုင်း စွန္နီ အာလင်မ် ရှိက်ခ် ယူစွဖ် မရှ်လာဝီ မှ အမေရိကန် ၊ ဇီယွန်ဝါဒီ (အစ္စရေး) နှင့် ထရမ့် တို့သည် လက်ရှိခေတ်၏ ဖာရော(ဖေရ်အောင် ) ဘုရင်များဖြစ်ပြီး ခုခံရေးဝင်ရိုး၏ခေါင်းဆောင် အေမာမ် ခါမေနာအီ သည် ဖိနှိပ်မှု၊ အာဏာရှင်ဆန်မှု နှင့် သိမ်းပိုက်၊ကျူးကျော် မှုကို ဆန့်ကျင်သည့် သတ္တိနှင့်ယုံကြည်မှုဖြင့် ရပ်တည်နေသော ဤခေတ်၏မောရှေ (ဟဇရသ် မူစာ (အ.စ) ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စလာမ်မစ် အီရန်နိုင်ငံ ၏  ဦးဆောင်မှုအောက် ရှိ ယီမင်၊  ပါလက်စတိုင်းနှင့် လက်ဘနွန်တို့သည် မိမိတို့ ၏ ကြံ့ကြံ့ခံ ခုခံရေးဝင်ရိုး အတွက် အဖိုးအခပေးအဖြစ် ကလေးများ၏ သွေးများ၊ နေအိမ်များနှင့် စွန့်လွတ် အနစ်နာခံမှုများ ပေးဆပ် နေကြောင်း အမှန်တရား၏လမ်းစဉ်ကို လျှောက်လှမ်း လျက်ရှိကြောင်း သိရပါတယ်။

အကျော်အမော် ပါလက်စတိုင်း စွန္နီ အာလင်မ် ရှိက်ခ် ယူစွဖ် မရှ်လာဝီ ၏ အာရဘီ ဘာသာစကားဖြင့် မူရင်း ဗီဒီယို ကလစ် တို အား ပါရှန်း(ဖွာရစီ ) စာတန်း ထိုး နှင့်ကြည့်နိုင်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

 

Tags

Your Comment

You are replying to: .
captcha