၁ ဩဂုတ် ၂၀၂၅ - ၁၁:၃၃
ဆော်ဒီအာရေးဗီးယား နိုင်ငံ  ကသီးဖ် မှ ရှီအဟ် လူငယ်တစ်ဦး ကွပ်မျက် ခဲ့ရ

ဆော်ဒီအာဏာပိုင်များသည် ကာသီးဖ် ဒေသရှိ အလ်ဗဟာရီ မြို့မှ အကျဉ်းကျနေသူ ရှီအဟ် လူငယ် အဲဟ်မဒ် မိုဟမ္မဒ် အလ် ဟမာဒီ ကို အင်္ဂါနေ့နံနက်တွင် ကွပ်မျက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆော်ဒီအာဏာပိုင်များသည် ကာသီးဖ် ဒေသရှိ အလ်ဗဟာရီ မြို့မှ အယူဝါဒအကြောင့် အကျဉ်းချခံရသူ ရှီအဟ် လူငယ် အဲဟ်မဒ် မိုဟမ္မဒ် အလ် ဟမာဒီ ကို အင်္ဂါနေ့နံနက်တွင် ကွပ်မျက်ခဲ့ပါတယ်။ ဆော်ဒီပြည်ထဲရေး ဝန်ကြီးဌာနသည် ၎င်းအား အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းကာ လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ ပေးပို့ခဲ့သည်ဟု စွပ်စွဲ ကာသေဒဏ် ပေးခဲ့ခြင်း ဖြစ်ပါတယ်။  အကြမ်းဖက် အဖွဲ့များ၏ ပူးပေါင်း မှု အတွက် အထောက်အထား တစ်စုံ တစ်ရာ မပြဘဲ နိုင်ကြကြောင်း သိရပါတယ်။

အဲဟ်မဒ် မိုဟမ္မဒ် အလ် ဟမာဒီ ၏အမည်သည် လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် အဖွဲ့အစည်းများမှ ကြေညာ ထားသော ကွပ်မျက်ခြင်းကို ရင်ဆိုင်နေရသော လူစာရင်းတွင် မပါရှိသော်လည်း ကွပ်မျက်ခံခဲ့ရခြင်း ဖြစ်ပါတယ်။

ဤကွပ်မျက်မှု ကို ထည့်ထွက်လျင်  ကသီးဖ်  တွင်အာဇာနည်အရေအတွက် သည် ၂၀၂၅ ခုနှစ် ၏ အစ ပထမလ မှစ၍ ယနေ့ အထိ  ၁၀ ဦးအထိရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

အာရေဗျကျွန်းဆွယ်ရှိ ဆော်ဒီအတိုက်အခံအုပ်စုများ၏ ညွန့်ပေါင်းအဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် အယူဝါဒအကြောင့်အကျဉ်းချခံရသူ အား ကွပ်မျက်မှုအသစ်တိုင်းသည် ဆော်ဒီအစိုးရ၏ အပြည့်အဝ မစွမ်း ဆောင်နိုင်ခြင်း နှင့် ပြည်သူများ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် ပျက်ကွက်နေခြင်းကို ထင်ရှား စေကြောင်း ဖော်ပြထားပါတယ်။ တစ်နည်းအား ဖြင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် မပေးကြောင်း ထင်ရှား နေပါ တယ်။

အမှန်တကယ် ကြည့်လျင်  ထိရောက်မှု မရှိသော အစိုးရများသည် ယုတ္တိဗေဒနှင့် အပေးအယူ မဟုတ်ဘဲ လွန်ကဲ ပြီး ပြင်းထန်သော ဖြေရှင်းနည်းများကို မှီခိုအားထားကြကြောင်း တွေ့ရပါမယ်။

ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် သွေးထွက်သံယိုဖြစ်စေသည့် မူဝါဒသည် ခေတ်နောက်ကျပြီး အာဏာရှင် စနစ်၏ ဖွဲ့စည်းပုံတွင် အပြုသဘောဆောင်သော ရွေးချယ်စရာများ ကင်းမဲ့နေကြောင်း အတိုက် အခံများက အလေး ပေးဖော်ပြထားပါတယ်။

အဆိုပါထုတ်ပြန်ချက်တွင်ဆက်လက် ပြီး အဲဟ်မဒ် မိုဟမ္မဒ် အလ် ဟမာဒီ ကို ကွပ်မျက်ခြင်းသည် ဆော်ဒီ အစိုးရ၏ အပြစ်တင်ထိုက်သည့် အပြုအမူအတွက် ထင်ရှားသော ဥပမာတစ်ခုဖြစ်ပါတယ်။ ယခင်က ၎င်း၏ ကျေးရွာသည်ဆော်ဒီ အစိုးရ၏  ဖျက်ဆီးမှုနှင့် လုံခြုံရေးဖိအားများကြောင့် ပစ်မှတ်ထားခံခဲ့ရသည့် ရွာ ဖြစ် ပါတယ်။

ပြည်သူများ၏ တရားဝင်တောင်းဆိုချက်များကို နားထောင်မည့်အစား အစိုးရသည် လူမျိုးစုနှင့် မျိုးနွယ်စု အမြင် ဖြင့် လက်စားချေရန် ရှာဖွေနေပါတယ်။

နောက်ဆုံးတွင် အဆိုပါ ကွပ်မျက်မှုသည် အစိုးရအတွက် အကြောက်တရား သို့မဟုတ် တရားဝင်မှု မရှိ တော့ ကြောင်း အတိုက်အခံများက သတိပေးခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha