၃ ဩဂုတ် ၂၀၂၅ - ၀၁:၁၆
အီရန်သမ္မတ သည် အစ္စလာမဘတ် မြို့သို့ နှစ်ရက်ကြာ အလည်အပတ်ရောက်ရှိ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ပါကစ္စတန် သို့ နှစ်ရက်ကြာ အလည်အပတ်ခရီးဖြင့် မြို့တော် အစ္စလာမာဘတ်မြို့သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ   ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ပါကစ္စတန်နိုင်ငံသို့ တရားဝင်အလည်အပတ်ရောက်ရှိနေစဉ်အတွင်း လာဟိုးရှိ အလာမဟ် မိုဟမ္မဒ် အစ်က်ဗါရ် ၏ ဂူဗိမာန် သို့ သွားရောက်ဇေယာရသ် ပြုပြီးနောက် ပါကစ္စတန်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များနှင့် အရေးကြီးတွေ့ဆုံပွဲများကျင်းပရန်  အစ္စလာမာဘတ်မြို့ သို့ ထွက်ခွာ သွားခဲ့ ကြောင်း သိရပါတယ်။

အီရန်သမ္မတ ၏ လာရောက်ခြင်းအတွက် ဂုဏ်ပြုသည့်အနေဖြင့် သေနတ်ကြီး ၂၁ ချက် ပစ်ဖောက်ခဲ့ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် က အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း အား နူးရ်ခန်း လေတပ်စခန်းတွင် ကြိုဆိုခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ   ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ထိပ်တန်း  ကိုယ်စား လှယ်အဖွဲ့ နှင့် အတူ မြို့တော် အစ္စလာမာဘတ်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha