၂၈ ဩဂုတ် ၂၀၂၅ - ၁၀:၁၉
ဇေယာရသ် ကို စွန့်ပယ်ခြင်းသည် တမန်တော်မြတ် (ဆွ) နှင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏အမိန့်အား မနာခံခြင်း  ဖြစ်ကြောင်း

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဇေယာရသ် ကို စွန့်ပယ်ခြင်း သည် တမန်တော်မြတ် (ဆွ) နှင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏အမိန့်အား မနာခံခြင်း ဖြစ်ကြောင်း နှင့် ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စဖီးနသိုလ်ဘေဟာရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الصادق (عليه السلام):

مَنْ تَرَكَ زِيارَتَهُ وَ هُوَ يَقْدِرُ عَلى ذلِكَ، قَدْ عَقَّ رَسُولَ اللّهِ صلى الله عليه و آله وَ عَقَّنا.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အကြင်မည်သူမဆို အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုရန် သွားနိုင်သည့် အခြေအနေ၊စွမ်းအား ရှိ လျက် မသွားမည်ဆိုလျင် ၎င်းအနေဖြင့် အမှန်တကယ် ရစူလွလ္လာဟ် (ဆွ) နှင့် ကျွန်ုပ်တို့ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အမိန့်အား မနာခံခြင်း မည်လေ ၏။ »

ကျမ်းကိုး ။ ။ စဖီးနသိုလ်ဘေဟာရ် ကျမ်း ၊  အတွဲ ၁ ၊ စာမျက်နှာ ၅၆၄

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော် တို့တွေ ဘဝတည်ဆောက် နိုင်အောင်  ကြိုးပမ်းရမည် ဖြစ်ပါတယ်။ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုနိုင်သည့် အခြေအနေ (ငွေကြေး စသည်ဖြင့် ) ၊ စွမ်းအား (ကျန်းမာရေး စသည် ဖြင့် ) ကောင်း နေလျင်  ဇေယာရသ် အတွက် သွားရမည် ဖြစ်ပါတယ်။ ထိုမှသာ တမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အမိန့် ကို နာခံခြင်း မည်လေ၏။ ဤနေရာတွင် လည်း အထူးသတိပြုရမည့် အချက် များ ရှိပါတယ်။ ပမာ အားဖြင့် ဇေယာရသ် သွားမည့်  ငွေများသည့် သန့်ရှင်း ဖို့ ဟလာလ် ဖြစ်ဖို့ လိုပါတယ်။ ခွမ်းစ် ထိုက်၍ ခွမ်းစ် ထုတ်ထားသည့် ငွေဆိုလျင် ပိုကောင်းပါတယ်။ နောက် ဗီဇာ မပါဘဲ သွားခြင်း အကြံအဖန် လုပ်၍ သွားခြင်းစသည် များလည်း မဖြစ်ဖို့  အထူး သတိပြုရမည် ဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် မတ်က်ဘူလ် ဇေယာရသ် (အလ္လာဟ်လက်ခံသည့်ဇေယာရသ် ၊ ရစူလ်(ဆွ) နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ထောက်ခံ သည့်ဇေယာရသ် ) ဖြစ်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha