၅ ဒီဇင်ဘာ ၂၀၂၅ - ၂၂:၁၂
ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ ရပိုင်ခွင့်များ (ပစ္စည်းများ ) ကို မတရား လုယူသူများ၏ အဆုံးသတ်

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ ရပိုင်ခွင့်များ (ပစ္စည်းများ ) ကို မတရား လုယူသူများ၏ အဆုံးသတ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی اللہ علیه وآله وسلم :

یَا فَاطِمَةُ! لَوْ أَنَّ کُلَّ نَبِیٍّ بَعَثَهُ اللَّهُ وَ کُلَّ مَلَکٍ قَرَّبَهُ- شَفَعُوا فِی کُلِّ مُبْغِضٍ لَکِ غَاصِبٍ لَکِ مَا أَخْرَجَهُ اللَّهُ مِنْ النَّارِ أَبَداً۔

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« အိုဖွာတွေမဟ် (စ.အ) ! အလ္လာဟ် ဟို အရှင်မြတ် စေလွတ်တော်မူသည့် တမန်မြတ်များ အားလုံး အရှင် နှင့် နီးစပ်သော ကောင်းကင်တမန်အားလုံးသည် သင်၏ ရပိုင်ခွင် (ပစ္စည်းများ ) ကို လုယူခဲ့သော သင်၏ရန်သူအတွက် ကြားဝင်အသနားခံ ပေးမည်ဆိုလျှင်ပင် အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် သူ့ (သင်၏ရန်သူ ) ကို ဂျဟန္နမ် ငရဲဘုံ ၏ မီး မှ လွတ်မြောက်စေတော် မူမည် မဟုတ်ချေ။ »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၆  ၊ စာမျက်နှာ ၃၅၄

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် ထင်ရှား စွာသိရှိရမည့် အချက်မှာ သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (အ.စ) ၏ ရပိုင်ခွင့် (ပစ္စည်း )  ကို မတရား လုယု သွားသည့် သခင်မကြီး (စ.အ) ၏ရန်သူ အား တမန်တော်မြတ်များအားလုံး ကောင်းကင်တမန်များ အားလုံး စု၍ အသနားခံပေးလျင်လည်း အလ္လာဟ် လက်ခံမည်  မဟုတ်ကြောင်း သိရှိရပါတယ်။ အလ္လာဟ်ဟို အက္က်ဗဲရ် ...  ဤအတွက်ကြောင့် သခင်မကြီး (စ.အ) ၏ ဖခမည်းတော် တမန်တော်မြတ် (ဆွ) နှင့် ခင်ပွန်းသည် မောင်လာအလီ (အ.စ) နှင့် သားတော် ၁၁ပါး (အေမာမ် ၁၁ပါး (အ.စ) ) တို့ ၏ ပိုင်ဆိုင်ထားမှုများ ၎င်းတို့ အတွက် လှူဒါန်းထားသည့် ဝကားဖ် မြေများ ပစ္စည်းများ ကိုလည်း မတရား သုံးစွဲ ခြင်း လုယုခြင်း များ မဖြစ်အောင် အထူး သတိပြုရမည် ဖြစ်ပါတယ်။ မတော်တဆ ပြုခဲ့လျင် သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ ရန်သူများ ပမာ ၎င်းတို့၏ အခြေအနေ လည်း ဖြစ်မည် ဖြစ်ကြောင်း နှလုံးသွင်းထားရမည် ဖြစ်ပါတယ်။ ကျနော်တို့ အားလုံး လည်း မအ်စူမီးန် (အ.စ) ၏ ပိုင်ဆိုင်မှုများ ကို မတရား လုပ်ခြင်း မှ အပြည့် အဝ ရှောင်ကြဥ် နိုင်စွမ်း မြတ်အလ္လာဟ် ပေးသနားတော် မူရန် အထူး ဒိုအာ နေ့စဥ် ပြုသင့်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha