အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Dunyanews.tv ၏ အစီရင်ခံစာ အရ ဒိုဟာတွင် ဒုံးကျည်များ မပစ်ခတ်မီ တိုက်ခိုက်မှု နှင့် ပတ်သက်၍ အမေရိကန် ကို အသိပေးခဲ့ကြောင်း အစ္စရေး အရာရှိ သုံးဦးကို ကိုးကား၍ အမေရိကန် မီဒီယာက ဖော်ပြခဲ့သည်။
နေတန်ယာဟု နှင့် ထရမ့် တို့သည် နိုင်ငံရေးအဆင့်တွင် ပထမဆုံး စကားပြောဆိုခဲ့ကြပြီး စစ်ဘက် အရာရှိ များမှ တစ်ဆင့် သတင်းအချက်အလက်များ ပေးအပ်ခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူများက အမေရိကန် မီဒီယာသို့ ပြော ကြားခဲ့ပါတယ်။
အမေရိကန် သတင်းမီဒီယာက ထုတ်ဖော်ဖော်ပြချက်အရ အစ္စရေးအာဏာပိုင်များက အမေရိကန်အနေဖြင့် ဟန် ဆောင် မှုသာလုပ်ခဲ့ပြီး တကယ်တမ်း တားမြစ်မှု မရှိခဲ့ကြောင်း ဆိုထားကြောင်း ထရမ့် အနေဖြင့် တကယ်လိုလျှင် ကာတာအပေါ် တိုက်ခိုက် ခြင်း ကို တားမြစ် နိုင်လျက် မတားမြစ်ခဲ့ကြောင်း ထရမ့် အနေဖြင့် အစ္စရေး အား မတိုက်ရန် တား မြစ်ခဲ့မည်ဆိုလျင် အစ္စရေးသည် တိုက်ရဲမည် မဟုတ်ကြောင်း သိရပါတယ်။
စက်တင်ဘာ ၉ ရက်က ဒိုဟာရှိ ဟားမတ်စ်ခေါင်းဆောင်များကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း မှတ်သားသင့်ပါတယ်။ ဒိုဟာတိုက်ခိုက်မှုအပြီးတွင် အစ္စရေး၏ ဒုံးကျည်များ ဝေဟင်တွင် ကျရောက်နေချိန် အမေရိကန်ကို အသိပေးခဲ့ပြီး ထိုအချိန်တွင် သမ္မတထရမ့်က ကန့်ကွက်ရန် အချိန်မရတော့ ကြောင်း အိမ်ဖြူတော် က ပြောကြားခဲ့ပါတယ်။
အဗ်နာသတင်းဌာန အနေဖြင့် အနှစ်ချုပ်တင်ပြရမည် ဆိုလျင် ကာတာနိုင်ငံ ၏ မြို့တော် ဒိုဟာ မြို့ အပေါ် အစ္စရေး ၏ တိုက်ခိုက်မှု သည် အမေရိကန် နှင့် အစ္စရေး ၏ အကွက်ကျကျ စီစဥ် ထားမှုသာ ဖြစ်ကြောင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment