အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ၊ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဗ်ဟာနီ နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး တို့မှ အပြစ်တွေနဲ့ ပြည့်နေတဲ့ မင်္ဂလာပွဲကို တက်ရောက်ခြင်း ဆိုင်ရာ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား တာ ဖြစ်ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ၊ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဗ်ဟာနီ နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီးတို့ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
မင်္ဂလာဧည့်ခံပွဲတစ်ခုတွင် လဟူဝလအဗ် (ခ) သီချင်းသံ၊ အက၊ မသင့်တော်သောဖျော်ဖြေရေးများ ပါဝင်သည့် မင်္ဂလာ ဆောင်အခမ်းအနား ကို မတက်ရောက်ပါက ဆွေမျိုးသားချင်းများ မကျေနပ်မှု ဖြစ်စေနိုင်ပါတယ်။ ထိုသို့ဖြစ်ပါက ကျွန်ုပ်တို့၏ ရှရီအီ တာဝန်မှာ အဘယ်သို့ ရှိပါသနည်း?
အဖြေ
ဟရာမ် တွင် ပါဝင်နိုင်သည့် နေရာ ဖြစ်ပါက ထိုနေရာကို သွားခြင်းသည် မပိုင်ချေ။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ
ဟရာမ်ပွဲများတွင် ပါဝင်ခြင်းမှာ မည်သည့်ကိစ္စတွင်မဆို ခွင့်မပြုထားချေ။ မကောင်းမှုကို တားမြစ်ခြင်းသည် လူတိုင်း တွင် တာဝန်ရှိပါသည်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ
အလ္လာဟ်အရှင်မြတ်က တားမြစ်ထားတဲ့သည် အရာများကို ဆွေမျိုးသားချင်းများ ၏မကျေနပ်မှု၊စိတ်ဆိုးမှုကို အကြောင်း ပြ၍ ဟလာလ် လုပ်၍ မရေချေ။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဗ်ဟာနီ
မကောင်းမှုကို တားမြစ်နိုင်လျှင် ထိုကဲ့သို့ ပွဲကို မတက်ရောက်ရန် ဖြစ်ပါသည်။
အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး
အကြံပြုချက် - အထူးသတိပြုသင့်သည့် ရှရအီ ဆိုင်ရာ အချက်အလက်ဖြစ်ပါတယ်။ လဟူဝလအဗ် (ခ) သီချင်းသံ၊ အက၊ မသင့်တော် သောဖျော်ဖြေရေးများ ပါဝင်သည့် မင်္ဂလာ ဆောင်အခမ်းအနားကို မတက်ရန် ကြိုးစား ရမည် ဖြစ်ပါတယ်။ အင်န်ရှာအလ္လာဟ် မိုအ်မင်၊ မိုအ်မေနသ်များ အနေဖြင့်လည်း မိမိတို့၏ သားသမီးများ ဆွေမျိုးများ ၏ မင်္ဂလာဆောင်း အခမ်းအနား များတွင် လဟူဝလအဗ် (ခ) သီချင်းသံ၊ အက၊ မသင့်တော် သောဖျော်ဖြေရေးများ မပါဝင်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment