အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းဌာန ၏ အဆိုအရ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဂါဇာတွင် စေတနာ့ဝန်ထမ်း လုပ်ခဲ့သည့် အမေရိကန် ဆရာဝန် ၁၅၂ ဦးက ဂါဇာကို ချေမှုန်းရန် အစ္စရေး၏ စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေးရာ ပံ့ပိုးကူညီမှုတို့ကို ချက်ခြင်း ရပ်တန့်သင့်သည်ဟု ထရမ့်ထံ စာရေးခဲ့ကြပါတယ်။
ဤအမေရိကန်ဆရာဝန်များသည် ဇီယွန်ဝါဒီအစိုးရအား အထောက်အပံ့ပေးမှု ထောက်ခံမှုကို ရပ်တန့်မည့် ခြေလှမ်းသည့် မှန်ကန်သောခြေလှမ်း ဖြစ်ကြောင်း အမေရိကန် အနေဖြင့် နိုင်ငံတကာဥပဒေများအတိုင်း လိုက်နာ ဆောက်ရွက်ရန် အရေးကြီး ကြောင်း ရေးသားခဲ့ကြပါတယ်။
အမေရိကန် ဆရာဝန်များ က ထရမ့်အားရေးသားခဲ့သည့်စာတွင် ကျွန်ုပ်တို့ အနေဖြင့် သမ္မတကြီးထံ ဂါဇာ ကလေးငယ်များ ၏ ငိုကြွေးသံများ တမ်းတသံများကို နားထောင် ကြည့်ပါဟု တောင်းဆို မေတ္တာ ရပ်ခံ အပ်ပါ တယ်။
ပြီးနောက် လက်နက်ကိုင်အစ္စရေးတပ်ဖွဲ့များသည် ကလေးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေချိန်တွင် အမေရိကန်အစိုးရသည် အစ္စရေးသို့ လက်နက်များ အဘယ်ကြောင့် ဆက်လက်ထောက်ပံ့နေသနည်း? ဟု ဤဆရာဝန်များက မေးခွန်းထုတ် ရေးသားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment