၄ အောက်တိုဘာ ၂၀၂၅ - ၀၇:၁၁
အီဂျစ်ရှိ အလ်အဇ်ဟရ် တက္ကသိုလ် သည် ကုရ်အာန် အက်ပ် ကို မိတ်ဆက်ပေး

အစ္စလာမ့် ကမ္ဘာ၏ အကြီးဆုံးဘာသာရေး အဖွဲ့အစည်းတစ်ခုအဖြစ်လူသိများသော အီဂျစ်နိုင်ငံ ရှိ အလ်အဇ်ဟရ် တက္ကသိုလ်သည် ကုရ်အာန် အက်ပ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီဂျစ်ရှိ နိုင်ငံ ရှိ အလ်အဇ်ဟရ် တက္ကသိုလ် ၏ တွဲဖက်စင်တာများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် « အီလက်ထရွန်း နစ်ကုရ်အာန်စာဖတ်သူ » အက်ပ် (ခ) အက်ပလီကေးရှင်း ကို ကျမ်းမြတ်ကုရ်အာန်ကို သင်ကြားရန်အတွက် စတင် မိတ်ဆက်ပေးလိုက်ပါတယ်။

အဆိုပါပရောဂျက်အား အလ်အဇ်ဟရ် တက္ကသိုလ် ၏အကြီးအကဲ (သို့မဟုတ်) ကျောင်းအုပ် ရှိက်ခ် အဲဟ်မဒ် သွယစ်ဗ် နှင့် အလ်အဇ်ဟရ် တက္ကသိုလ် ၏ ဒုဦးစီးချုပ်  မိုဟမ္မဒ် အဗ်ဒွရ်ရဟ်မာန် ဇဝီနီ တို့၏ ပံ့ပိုးမှုဖြင့် တီထွင်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ ကုရ်အာန်ကျမ်းတော်မြတ်နှင့် သင်ကြားမှုအဆင်ပြေစေရန် ခေတ်မီ နည်းပညာများ ကို အသုံးပြုရန်ဖြစ်ပါတယ်။

Newsroom ဝဘ်ဆိုက်၏အဆိုအရ အလ်အဇ်ဟရ် တက္ကသိုလ် နှင့် ဆက်စပ်သော အဖွဲ့အစည်းများ မှ ပရိုဂရမ်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် ကျောင်းသားများ နှင့် ဆရာများ ကုရ်အာန်ကျမ်းတော်မြတ် ကိုတိကျ မှန်ကန်စွာ ရွတ်ဆိုလေ့ကျင့်နိုင်စေရန် ဤအက်ပ် (ခ) အက်ပလီကေးရှင်း ဒီဇိုင်းကို ထုတ်ခဲ့ ကြောင်း သိရပါတယ်။

အလ်အဇ်ဟရ် တက္ကသိုလ် ၏ ကုရ်အာန်ရေးရာ အထွေထွေ ညွှန်ကြားရေးမှူးရုံးသည် ထုတ်ဝေခြင်းမပြုမီ ဤအက်ပ် (ခ) အက်ပလီကေးရှင်း ၏ နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်မှုကိုလည်း ပြုလုပ်ခဲ့ပြီး အကြောင်း အရာ၏ တိကျမှု၊ ကေရာအသ် ၏ တိကျမှု နှင့် သဂျ်ဝီးဒ်  ၏ စည်းမျဉ်းများ နှင့် ကိုက်ညီကြောင်း အတည်ပြု ခဲ့ပါတယ်။

အလ်အဇ်ဟရ် တက္ကသိုလ် မှ ဤပရောဂျက်ကို ဘာသာရေးပညာရေးတွင် ခေတ်မီနည်းပညာများကို အသုံးပြုရန်နှင့် အစ္စလာမ့်တန်ဖိုးများ ခိုင်မာစေရေး အဖွဲ့အစည်း၏ ကတိကဝတ်နှင့်အညီ အကောင် အထည် ဖော်ခဲ့ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha