အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ အစီရင်ခံစာအရ နယ်ချဲ့ ဇီယွန်ဝါဒီများ၏ ရန်စမှုကို ခုခံကာကွယ်သည့် စစ်ဆင်ရေးအတွင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုဟမ္မဒ် အဗ်ဒိုလ်ကရီးမ် အလ်ဂမာရီ သည် ရှဟီးဒ် ဖြစ်သွား ကြောင်း ယီမင်စစ်တပ်မှ ယမန်နေ့က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရှဟီးဒ် ဗိုလ်ချုပ်ကြီး မိုဟမ္မဒ် အဗ်ဒိုလ်ကရီးမ် အလ်ဂမာရီ သည် ဂျေဟာဒ် နှင့် သာသနာ အတွက် အသက် စတေးပြီး ကွတ်ဒ်စ် ၏ လမ်းကြောင်းပေါ်ရှိ အာဇာနည်ကြီးများ၏ အုပ်စု တွင် ပါဝင်ခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားပါတယ်။
ရှဟီးဒ် ဗိုလ်ချုပ်ကြီး မိုဟမ္မဒ် အဗ်ဒိုလ်ကရီးမ် အလ်ဂမာရီ သည် ရဲရင့်သစ္စာရှိပြီး စစ်မြေပြင်တွင် ဦးဆောင်ခွင့်ကို ဖြည့်ဆည်းပေးသည့် စစ်သူကြီးဖြစ်ကြောင်း ၊ ရှဟီးဒ် မရှိတော့သည့်အတွက် ဝမ်းနည်းကြောင်း ယီမင် တပ်မတော် က ပြောကြားခဲ့ကြပါတယ်။
၎င်း၏ အာဇာနည်ဖြစ်လင့်ကစား ယီမင်စစ်ရေးစနစ်၊ ဒုံးကျည်နှင့် မောင်းသူမဲ့လေယာဉ်များ၏ တိုက်ခိုက်မှုများ သည် မည်သည့်နည်းနှင့်မျှ ထိခိုက်မည်မဟုတ်ကြောင်း ရန်သူအပေါ် စစ်ဆင်ရေးများ ပိုမို ပြင်းထန် လာမည် ဖြစ်ကြောင်း ယီမင် တပ်မတော် မှ ပြောကြားခဲ့ပါတယ်။
နယ်ချဲ့ ဇီယွန်ဝါဒီရန်သူနှင့် စစ်ပွဲသည် မပြီးသေးဘဲ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် ဇီယွန် သည် မိမိ ရာဇ၀တ်မှုများအတွက် သေချာပေါက် အပြစ်ပေးခံရမည်ဟု ကြေညာချက်တွင် ဖော်ပြထားပါတယ်။
ယီမင်တပ်မတော် က အာဇာနည်များ၏ လမ်းကြောင်းသည် မည်သူတစ်ဦးတစ်ယောက်၏ အာဇာနည်နှင့် အဆုံးမသတ်ကြောင်း ယင်းမှာ ခေတ်တိုင်း၏ မိုဂျာဟစ်ဒ်ဒီးန် များ ဆက်လက် ထမ်းဆောင်ရမည့် မျိုးဆက် တစ်ခုမှ တစ်ခု၏ မစ်ရှင်တစ်ခုဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။
ယီမင်စစ်တပ်သည် မိမိတို့ ၏ သန္နိဋ္ဌာန်ကို အသစ်ပြန်လည် သစ္စာပြုကြောင်း အာဇာနည်များ၏ သွေးများ အတွက် သစ္စာ ရှိမည် ဖြစ်ကြောင်းအာဇာနည် များ ၏ ဂျေဟာဒတ်ဒ်ဒီ ဘဝတည်ဆောက်မှု သည် မိမိတို့ အတွက် မီးရှူးတန်ဆောင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အနန္တတန်ခိုးရှင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ပြီးပြည့်စုံသောအောင်ပွဲများ ပေးသနား တော် မမူမှီတိုင်အောင် ကျွန်ုပ်တို့သည် မိမိတို့ ၏ကတိ အပေါ် သစ္စာ ရှိကြမည် ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
နယ်ချဲ့ အစ္စရေး နှင့် ၎င်း၏ ဖခင် အမေရိကန်သည် အီရန် ၊ ယီမင် ၊ ဟစ်ဘွလ္လာဟ် ၊ ဟားမတ်စ် ၏ ခေါင်းဆောင် များ နှင့် စစ် ဗိုလ်ချုပ်များ ကို လုပ်ကြံ လိုက်လျင် အောင်နိုင်မည် ဟု ကလေးတွေး ၊တွေးနေကြ ပါတယ်။ ခေါင်းဆောင် များ နှင့် ဗိုလ်ချုပ်များရှဟီးဒ် ဖြစ်သွားလျင် လည်း အလ္လာဟ် ဟို အရှင်မြတ် ၏ ကျေးဇူးတော်များ ကြောင့် ၎င်းတို့၏ လမ်းစဥ် သည် ဆက်လက် ရှင်သန် လျက် ရှိနေပြီး ခေါင်းဆောင် အသစ် များ ဗိုလ် အသစ် များ လည်း ဆက်လက် ထွန်းကားနေ သည်ကို နယ်ချဲ့ အစ္စရေး နှင့် ၎င်း၏ ဖခင် အမေရိကန် မေ့နေ ပါ တယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment