၂၂ အောက်တိုဘာ ၂၀၂၅ - ၂၃:၅၈
မောင်လာနာဆယက်ဒ်ကလ်ဗေဂျဝါဒ် နကဝီ  ကို တိုက်ခိုက်ခဲ့သည့် တရားခံများကို ချက်ချင်းဖမ်းဆီးပေးရန် အိုလမာ တောင်းဆို + ဓာတ်ပုံများ

အိန္ဒိယ နိုင်ငံ လက်ခနောင်း မြို့ ရှိ ဒါရ်ဂါဟ် ဟဇရသ် အဘာစ် (အ.စ) တွင် ဝကာဖ် ပြုထားသည့် မြေများပေါ် အိမ်ရာများတရားမ၀င် ကျူးကျော်ဝင်ရောက်မှုအား ဆန့်ကျင်ကန့်ကွက်သည့် ဆွေးနွေးပွဲ ကို ကျင်းပခဲ့ပြီး အိုလမာ နှင့် အန်ဂျွန်မန်များ (ခ) အသင်းအဖွဲ့များ အများအပြား တက်ရောက်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟောင်ဇဟ် သတင်းဌာန  ၏ အစီရင်ခံစာ အရ အိန္ဒိယ နိုင်ငံ လက်ခနောင်းမြို့  ရှိ ဒါရ်ဂါဟ် ဟဇရသ် အဘာစ် (အ.စ) ရိုစ်သန်မ် နဂဲရ် တွင် အန်ဂျွန်မန်များ မှကျင်းပပြုလုပ်ခဲ့ပြီး အိုလမာ၊  ဇါကေရ်များ(ဓမ္မကတိကများ)  နှင့် အန်ဂျွန်မန် (ခ) အသင်းအဖွဲ့အသီးသီးမှကိုယ်စားလှယ်များအများအပြားတက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးတွင် လခနောင်းမြို့ သောကြာနမာဇ် ရှေ့ဆောင်ဆရာတော် နှင့် မဂျ်လစ်စေ အိုလမာယေဟင်းဒ် ၏  အထွေထွေ အတွင်းရေးမှူးချုပ် မောင်လာနာဆယက်ဒ်ကလ်ဗေဂျဝါဒ် နကဝီ အပေါ် တိုက်ခိုက်မှု နှင့် ဝက်ဖ်(ခ) ဝကာဖ် မြေဖြစ်သည့် အဘာစ် ဗါဂ် ကရ်ဗလာ အပါအဝင် အခြား ဝကာဖ် မြေများတွင် တရားမဝင် ဆောက်လုပ် မှု များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။

အစည်းအဝေးတွင်  ပါဝင်သူများသည် မောင်လာနာဆယက်ဒ်ကလ်ဗေဂျဝါဒ် နကဝီ တိုက်ခိုက်မှု ကျူးလွန် သူများ အား ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးရန် နှင့် အဘာစ် ဗါဂ် ကရ်ဗလာ တွင် တရားမ ၀င် ကျူးကျော် ဝင်ရောက်မှုများ ကို အဆုံးသတ်ရန် တောင်းဆိုခဲ့ပါတယ်။

တရားခံများကို အရေးယူခြင်းမပြုပါက အဘာစ် ဗါဂ် ကရ်ဗလာ တွင် ကျင်းပမည့် ဆန္ဒပြမှု၏ သဘော သဘာဝ ကို ပြောင်းလဲသွားမည်ဖြစ်ကြောင်း မိန့်ခွန်း ပြောကြား သူများက ပြောကြားခဲ့ပါတယ်။

မောင်လာနာဆယက်ဒ်ကလ်ဗေဂျဝါဒ် နကဝီ သည် ဝကာဖ် ကို ကာကွယ်ရန် အမြဲစတေးခဲ့ရသော်လည်း ဝကာဖ် ဆိုင်ရာ ဂေါပက ဝင် အချို့သည် တိုက်ခိုက်မှုကို ရှုံ့ချခြင်းမရှိသေးကြောင်း မောင်လာနာ သစနီးမ် မဲဟ်ဒီ ဇိုက်ဒ် ပူရီ က ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

ခေါင်းဆောင်မှုတွင် ရိုးသားမှု၊ လွတ်လပ်မှုနှင့် အနစ်နာခံမှုတို့ လိုအပ်ပြီး ယင်းအရည်အသွေးများအားလုံးသည် မောင်လာနာဆယက်ဒ်ကလ်ဗေဂျဝါဒ် နကဝီ တွင် ရှိနေသည်ဟု မောင်လာနာ မရှာဟစ်ဒ် အာလန်မ် ရဇဝီ က ပြောကြားခဲ့ပါတယ်။

မောင်လာနာ ဂိုလာန်မ် စရ်ဝရ် နှင့် မောင်လာနာ စရ်သာဂျ် ဟိုင်ဒဲရ် ဇိုက်ဒီ တို့က တိုက်ခိုက်သူများကို အစိုးရက ချက်ချင်းဖမ်းဆီးပြီး မောင်လာနာဆယက်ဒ်ကလ်ဗေဂျဝါဒ် နကဝီ  အတွက် လုံခြုံရေးတိုးမြှင့် ပေးရန် တောင်း ဆိုခဲ့ကြပါတယ်။

မောင်လာနာ မိုဟမ္မဒ် မီယာန် အာဗစ်ဒ်ဒီ ကွမ်းမီ က ဒါဟာ လူတစ်ဦးကို တိုက်ခိုက်တာမဟုတ်ဘဲ ကိုယ်ရည် ကိုယ်သွေးနဲ့ လှုပ်ရှားမှုကို တိုက်ခိုက်တာဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။

မောင်လာနာ အကရမ်နဒဝီ က အွန်မသ် ၏ စည်းလုံးညီညွတ်မှု အရေးကြီး လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပြီး မောင်လာနာဆယက်ဒ်ကလ်ဗေဂျဝါဒ် နကဝီ ၏ ဦးဆောင်မှုအောက်တွင် နိုင်ငံသည် ပိုမိုစည်း လုံးသင့်သည်ဟု ပြောကြားခဲ့ပါတယ်။

Shia Waqf ဘုတ်အဖွဲ့ဝင် မောင်လာနာ ရေဇာ ဟိုစိုင်းန် ရဇဝီ က ရဲတပ်ဖွဲ့က အရေးယူခြင်းမပြုပါက နောက်တစ်ကြိမ် ဆန္ဒပြပွဲအား အာဘာစ် ဗါဂ် တွင် အင်အားအပြည့်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း သတိပေးခဲ့ ပါတယ်။

အစည်းအဝေး၏အဆုံးတွင် မောင်လာနာဆယက်ဒ်ကလ်ဗေဂျဝါဒ် နကဝီ က အာလင်မ်သာသနာ့  ပညာရှင်များ နှင့် ဇာကေရ်များ တို့သည် Waqf လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သင့်ပြီး ဤတိုက်ပွဲတွင် ပါဝင်ရန် ဝန်လေးသူများကို  ဘာသာဝင်များ က  ပယ်ချ သင့်သည်ဟု ပြောကြားခဲ့ပါတယ်။

အစည်းအဝေးကို ကြီးကြပ်သူ မိုင်စန် ရဇဝီ က နောက်တစ်ကြိမ် အစည်းအဝေးတွင် ဂေါပက အားလုံး ၊ အိုလမာ နှင့် ဇာကေရ်များ များအားလုံး မပါဝင်ပါက ၎င်းတို့ကို  ဘိုက်ကော့ ပြု ကြောင်း ကြေညာမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဤအစည်းအဝေး တွင် မောင်လာနာ  နေစာရ် အဲဟ်မဒ် ဇိုင်းန်ပူရီ ၊ မောင်လာနာ ဟိုင်ဒဲရ် အဘာစ် ရဇဝီ မောင်လာနာ ဖေရိုဇ် ဟိုစိုင်းန် ၊ မောင်လာနာ  မိုဟမ္မဒ် မူစာ ၊ မောင်လာနာ အဇ်ဂဲရ် မဲဟ်ဒီ ၊ မောင်လာနာ  ရှဲဟ်ဝါဇ် ဟိုင်ဒဲရ် ၊ မောင်လာနာ စကလိုင်း နကဝီ နှင့် အခြားသော သာသနာ့ ပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။

မောင်လာနာဆယက်ဒ်ကလ်ဗေဂျဝါဒ် နကဝီ  ကို တိုက်ခိုက်ခဲ့သည့် တရားခံများကို ချက်ချင်းဖမ်းဆီးပေးရန် အိုလမာ တောင်းဆို + ဓာတ်ပုံများ

မောင်လာနာဆယက်ဒ်ကလ်ဗေဂျဝါဒ် နကဝီ  ကို တိုက်ခိုက်ခဲ့သည့် တရားခံများကို ချက်ချင်းဖမ်းဆီးပေးရန် အိုလမာ တောင်းဆို + ဓာတ်ပုံများ

မောင်လာနာဆယက်ဒ်ကလ်ဗေဂျဝါဒ် နကဝီ  ကို တိုက်ခိုက်ခဲ့သည့် တရားခံများကို ချက်ချင်းဖမ်းဆီးပေးရန် အိုလမာ တောင်းဆို + ဓာတ်ပုံများ

မောင်လာနာဆယက်ဒ်ကလ်ဗေဂျဝါဒ် နကဝီ  ကို တိုက်ခိုက်ခဲ့သည့် တရားခံများကို ချက်ချင်းဖမ်းဆီးပေးရန် အိုလမာ တောင်းဆို + ဓာတ်ပုံများ

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha