အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Shefavahajat အစီရင်ခံစာအရ အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံ မှ ရီဝါယသ်တော် လာရှိပါတယ်။ အကြင် မည်သူမဆို ဆာလောင်မွတ်သိပ် ခြင်းကို ခံစားရမည် (ခ) ကြုံ ရမည် ဆိုလျင် ဝဇူပြုလုပ်ပါလေ။ ၂ရကတ် နမာဇ် ဝတ်ပြုပါလေ။ နမာဇ် ဝတ်ပြုပြီးလျင် ဤ ဒိုအာအား ဖတ်ပါလေ။
يَا رَبِّ إِنِّي جائِعٌ فَأَطْعِمْنِي.
အဓိပ္ပာယ် - အို အဆင့်ဆင့် ဖန်ဆင်းမွေးမြူတော်မူသည့်အရှင် ၊ ကျနော်မျိုး သည် ဆာလောင် မွတ်သိပ် နေပါ သည်။ ကျနော်မျိုးအား စားဖွယ် သောက်ဖွယ် ချီးမြှင့် ပေးသနားတော်မူပါ။
အခြားရီဝါယသ်တော် တစ်ခု တွင်လာ ရှိသည့် ဒိုအာ နောက် တစ်မျိုးမှာ ဤသို့ ဖြစ်ပါတယ်။
رَبِّ أَطْعِمْنِي فَإِنِّي جائِعٌ.
အဓိပ္ပာယ် - အို အဆင့်ဆင့် ဖန်ဆင်းမွေးမြူတော်မူသည့်အရှင် ၊ ကျနော်မျိုးအား စားဖွယ်သောက်ဖွယ်ချီးမြှင့် ပေးသနားတော်မူပါ။ ကျနော်မျိုး ဆာလောင် မွတ်သိပ်နေပါသည်။
အင်န်ရှာအလ္လာဟ် ... ဧကန်မုချ အလ္လာဟ် ဟို အရှင်မြတ် သည် ဤ နမာဇ် ဝတ်ပြုသူအား နာရီ ပိုင်း အတွင်း စားဖွယ်သောက်ဖွယ် ချီးမြှင့် ပေးသနားတော် မူမည် ဖြစ်ပါတယ်။
မှတ်ချက် - ကျနော်တို့ အနေ ဖြင့် သက်ဝင်ယုံကြည်မှု အပြည့် နှင့် နမာဇ် ဝတ်ပြု ၊ ဒိုအာတောင်း ရမည် ဖြစ်ပါတယ်။ ဤနမာဇ် ဝတ်ပြုချိန် ဂါဇာ တွင် ဆာလောင်မွတ်သပ်နေသူများ နှင့် ကမ္ဘာ အရပ်ရပ်ရှိ ဆာလောင်မွတ်သိပ်နေသူများ အတွက် အထူး ဒိုအာ ပြုပေးသင့်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment