၁၁ နိုဝင်ဘာ ၂၀၂၅ - ၁၂:၁၄
ဒေလီမြို့ရှိ  လာလ်အေအ်လဟ် အနီးတွင် ကားတစ်စီး၌ ပြင်းထန်သောပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၈ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိ

ဒေလီမြို့ရှိ လာလ်အေအ်လဟ် (ခ) အနီရောင် တံခါးတော် အနီးရှိ ‘eco van’ တစ်စီးတွင် အားကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဧရိယာတစ်ခုလုံးတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့သည်။ ပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၈ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza သတင်းဌာန၏ မီဒီယာသတင်းများအရ ဒေလီမြို့ရှိ လာလ်အေအ်လဟ် (ခ) အနီရောင် တံခါးတော် အနီးရှိ ‘Eco Van’ ကားတစ်စီးတွင် အားကောင်းသောပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဧရိယာတစ်ခုလုံးတွင် ရုန်းရင်း ဆန်ခတ်မှု များ ဖြစ်ပေါ်စေခဲ့ပါတယ်။  ပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၈ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူအချို့၏ အခြေအနေမှာ အလွန်ပြင်းထန်ကြောင်း သိရသည်။ သေဆုံး သူများ၏ ရုပ်အလောင်းများ ကို LNJP ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးသူဦးရေ မြင့်တက်လာ နိုင်ကြောင်း သိရပါတယ်။

မီဒီယာသတင်းများအရ ပေါက်ကွဲမှုသည် အလွန်ကျယ်လောင်ပြီး အနီးအနားတွင် ရပ်ထားသော ယာဉ် ၅-၆ စီး၏ tailpipes များ လွင့်ထွက်သွားသည်ကို ထောက်ရှုခြင်းအားဖြင့် ခန့်မှန်းနိုင်ပါတယ်။ NAI အဖွဲ့သည် အခင်းဖြစ်ပွား ရာနေရာသို့ ရောက်ရှိပြီး စုံစမ်းစစ်ဆေးမှု စတင်နေပြီဖြစ်သည်။ ဒေလီရဲတပ်ဖွဲ့သည်လည်း မိမိတို့၏ကိုယ်ပိုင်စုံ စမ်းစစ်ဆေးမှုကို စတင်နေပြီဖြစ်ပါ တယ်။

မီးသတ်တပ်ဖွဲ့သည် ညနေ ၆ နာရီ ၅၅ မိနစ်တွင် ပေါက်ကွဲမှုသတင်းကို ရရှိခဲ့ကြောင်း သိရပါတယ်။  ပေါက်ကွဲ မှုကြောင့် အနီးနားရှိ လမ်းမီးများလည်း ပျက်သွားခဲ့ပါတယ်။

ရရှိထားသော သတင်းအချက်အလက်များအရ ပေါက်ကွဲမှုသည် လာလ်အေအ်လဟ် (ခ) အနီရောင် တံခါးတော် မက်ထရိုဘူတာ၏ ဂိတ်အမှတ် ၁ အနီးတွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲမှု အပြီးတွင် ဒေလီတစ်ဝှမ်းတွင် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားပြီး ကြိုတင်ကာကွယ်မှုအနေဖြင့် ဂျန်ဒနီ ကျောက်ခ် ဈေးကို ပိတ်ထားခဲ့ပြီး လာလ်အေအ်လဟ် (ခ) အနီရောင် တံခါးတော် အနီးတစ်ဝိုက်ရှိ လမ်းများနှင့် ဧရိယာတစ်ခုလုံးကိုလည်း ပိတ်ထားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha