၁၁ နိုဝင်ဘာ ၂၀၂၅ - ၁၃:၁၄
ထရမ့် နှင့် အဲဟ်မဒ် အရှ်ရှရအ် တို့ အိမ်ဖြူတော်တွင် တွေ့ဆုံ

ဤအခါသမယတွင် အမေရိကန်သမ္မတက ဆီးရီးယားနှင့် အစ္စရေးအကြား လုံခြုံရေးသဘောတူညီချက်သည် ဒေသတွင်း တည်ငြိမ်မှုအတွက် မရှိမဖြစ်လိုအပ်ကြောင်း ထပ်လောင်းအလေးပေးပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အဆိုအရ ဆီးရီးယားနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များ၏ အကြီးအကဲ အဲဟ်မဒ် အရှ်ရှရအ် (ခ) အဘူ မိုဟမ္မဒ်အလ်ဂျောင်လာနီ က အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့၏ တွေ့ဆုံမှုသည် တစ်နာရီကျော်ကြာသော သမိုင်းဝင်တွေ့ဆုံမှုတစ်ခုဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အစီရင်ခံစာအရ ထရမ့်သည် အစည်းအဝေးအတွင်း အဘူ မိုဟမ္မဒ်အလ်ဂျောင်လာနီ ၏ ဦးဆောင်မှုနှင့် အသွင် ကူးပြောင်းရေး အဆင့်တွင် အောင်မြင်မှုများကို ချီးကျူးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယား နိုင်ငံ၏ ပြန်လည်တည်ဆောက် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အတွက် လိုအပ်သော ပံ့ပိုးမှုများ ပေးအပ်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

ဤအစည်းအဝေးတွင် နှစ်ဖက်စလုံးသည် မတ်လ ၁၀ ရက်နေ့ သဘောတူညီချက်ကို ဆက်လက်လုပ်ဆောင်ရန် သဘော တူညီခဲ့ကြပြီး ၎င်းတွင် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့များကို ဆီးရီးယားတပ်မတော်အတွင်း ပေါင်းစည်း ရန် ပြဋ္ဌာန်းချက်တစ်ခု ပါဝင်ကြောင်းသိရပါတယ်။

အမေရိကန်ဘက်က ဆီးရီးယားနဲ့ အစ္စရေးကြား လုံခြုံရေးသဘောတူညီချက်ဟာ ဒေသတွင်း တည်ငြိမ်ရေး အတွက် မရှိမဖြစ်လိုအပ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ထရမ့်ကလည်း အစည်းအဝေးတွင် အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားအပေါ် ပိတ်ဆို့မှုများကို ဆက်လက် ရုပ်သိမ်းသွားမည်ဟု အလေးပေးပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတက အစည်းအဝေးအပြီးတွင် အဲဟ်မဒ် အရှ်ရှရအ် သည် ခိုင်မာသော ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း ကျွန်ုပ်သည် အဲဟ်မဒ် အရှ်ရှရအ် ကို နှစ်သက်ပြီး ဆီးရီးယား အောင်မြင်ရန် လိုအပ် သမျှကို ကျွန်ုပ်တို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆီးရီးယားသည် အရှေ့အလယ်ပိုင်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အောင်မြင်စေလိုကြောင်း ပြောကြားခဲ့ ပါတယ်။

အမှန်တကယ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အဲဟ်မဒ် အရှ်ရှရအ် (ခ) အဘူ မိုဟမ္မဒ်အလ်ဂျောင်လာနီ အား အစ္စရေး အားကောင်း စေပြီး  အီရန် ဆန့်ကျင်ရေး အတွက် အသုံးချနေခြင်းဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha