အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قالت فاطمة الزهراء (عليها السلام):
اَللّهُمَّ اِنّی اَسئَلُکَ الهُدی وَ التُّقی وَ العِفافَ وَ الغِنی والعَمَلَ بِما تُحِبُّ وَ تَرضی.
သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (အလိုင်ဟာ စလာမ်) မိန့်တော် မူ၏။
« အိုအလ္လာဟ်ဟို အရှင်မြတ် သခင် ! ကျနော်မျိုးမ အရှင်ထံ ဟေဒယသ် (လမ်းမှန်ကိုညှန်ကြားမှု) ၊ သက္က်ဝါ (သီလ၊ သမာဓိ) ၊ အေဖာဖ် (ကာမ အိန္ဒြေ ) နှင့် ကြွယ်ဝချမ်းသာမှု (မည်သူ့ထံမှ လက်ဖြန့်စရာမလိုမှု) ကိုတောင်းခံအပ်ပါသည်။ ပြီးနောက် အရှင် နှစ်သက်သည့် အလုပ် နှင့် နှစ်မြို့ သည့် အလုပ်ကို (သာ) လုပ်ဆောင် နိုင်ရန် တောင်းခံအပ်ပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၈၇ ၊ စာမျက်နှာ ၃၃၉
မှတ်ချက် - အထက်ပါ ဒိုအာ ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် အယန်းမေ ဖွာတွေမီယဟ် ဆိုပြီးအဇါဒါရီ လုပ်နေရင်း သခင်မကြီးတောင်းသည့် ဆု အတိုင်း ဟေဒယသ် (လမ်းမှန်ကိုညှန်ကြားမှု) ရအောင် သက္က်ဝါ (သီလ၊ သမာဓိ) ရှိအောင် အေဖာဖ် (ကာမ အိန္ဒြေ ) ထိန်းသိမ်းနိုင်အောင် နှင့် ကြွယ်ဝချမ်းသာမှု (မည်သူ့ထံမှ လက်ဖြန့်စရာမလိုမှု) ရှိအောင် အလ္လာဟ်ဟို အရှင်မြတ် နှစ်သက်သည့် အလုပ်ကိုသာ လုပ်ဆောင် နိုင်အောင် အထူး ကြိုးပမ်းပြီး ဘဝ တညဆောက် ရမည် ဖြစ်ပါတယ်။ ထိုမှာသာ စစ်မှန် သည့် သခင်မကြီး (စ.အ) အဇါဒါ ဖြစ်မည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment