၁၇ နိုဝင်ဘာ ၂၀၂၅ - ၂၁:၅၂
နယူးယောက်မြို့တော်ဝန်သစ် ဇိုဟ်ရန် မမ်ဒါနီ မှ နေတန်ယာဟု ကို ဖမ်းဆီးဖို့ တတ်နိုင်သမျှ အကုန်လုပ်မယ် ဖြစ်ကြောင်း ပြောကြား

နယူးယောက်မြို့ ၏ ရွေးကောက်တင်မြှောက်ခံရတဲ့ မြို့တော်ဝန် ဇိုဟ်ရန် မမ်ဒါနီ က နေတန်ယာဟု ဟာ ကုလ၏ အထွေထွေညီလာခံကို တက်ရောက်ဖို့ နယူးယောက်ကို လာရင် ဖမ်းဝရမ်းထုတ်မယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ နယူးယောက်မြို့၏ ရွေးကောက်တင်မြှောက်ခံရသော မြို့တော်ဝန်သစ် ဇိုဟ်ရန် မမ်ဒါနီ က အမေရိကန်ရုပ်သံလိုင်း ABC News နှင့် အင်တာဗျူးတစ်ခုတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု လာမည့်နှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန် နယူးယောက် သို့ လာရောက် ပါ က ၎င်းအား ဖမ်းဝရမ်းထုတ်ပေးမည်ဟု ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ ဖမ်းဝရမ်းများကို အကောင်အထည်ဖော်ရန် ဥပဒေနည်းလမ်းအားလုံးကို အသုံးပြုရန် ကတိပြု ခဲ့ ကြောင်း ဇိုဟ်ရန် မမ်ဒါနီ က ပြောကြားခဲ့ပါတယ်။

မမ်ဒါနီက နယူးယောက်မြို့သည် နိုင်ငံတကာဥပဒေကို လိုက်နာကြောင်းနှင့် နိုင်ငံတကာတရားရုံး၏ ဖမ်းဝရမ်း များသည် ထိုဥပဒေများ၏ အစိတ်အပိုင်းဖြစ်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။  ဖမ်းဝရမ်း သည် နေတန်ယာဟု သို့မဟုတ် ပူတင်ကို ဆန့်ကျင်သည်ဖြစ်စေ အရေးမကြီးကြောင်း မိမိ သည်  ထရမ့် နှင့် မတူဘဲ ဥပဒေအတွင်း လုပ်ဆောင်ပြီး မိမိ ၏ကိုယ်ပိုင်ဥပဒေများကို မတီထွင်ကြောင်း ၎င်းက ပြောကြား ခဲ့ပါတယ်။

နေတန်ယာဟုသည် နယူးယောက်သို့ ရောက်ရှိလာပြီး ၎င်းကို ဆန့်ကျင်ရန် အစွမ်းကုန် မလုပ်ဆောင်ပါက မိမိကိုယ်ကို ဤမြို့၏ မြို့တော်ဝန်အဖြစ် မယူဆနိုင်ကြောင်း မမ်ဒါနီ မှ ထပ်လောင်းပြောကြားခဲ့ပါတယ်။

နေတန်ယာဟုသည် နယူးယောက်သို့ ခရီးသွားပါက ၎င်းအား ဖမ်းဆီးမည်ဟု မမ်ဒါနီက ယခင် မိမိ မြို့တော်ဝန် အဖြစ် ရွေးကောက်တင် မြှောက် ခြင်း မခံရမည် အလျင်က လည်း ကြေညာခဲ့ကြောင်း သတိရပြုသင့် ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha