၁၈ နိုဝင်ဘာ ၂၀၂၅ - ၁၈:၂၆
ဟိန္ဒူအစွန်းရောက် ခေါင်းဆောင် တစ်ဦးက မိမိ ၏ ကြေညာချက်တွင် မွတ်စလင်မ် ပိုင်တက္ကသိုလ်များ ကို အမြောက် ဖြင့် ပစ်မှတ်ထားသင့်ကြောင်း ပြောကြား

ဗီဒီယိုကလစ် တစ်ခုတွင် လူသိများသော ဟိန္ဒူအစွန်းရောက်ခေါင်းဆောင် ယာတီ နာဆင်းဟာနန် ဂီရိ သည် အိန္ဒိယ နိုင်ငံရှိ မွတ်စလင်တက္ကသိုလ်များကို စစ်ဆင်ရေးပြုပြီး အမြောက်ဖြင့် ဖျက်ဆီးရန် တောင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဥတ္တရပရာဒေ့ရှ်ပြည်နယ် ဂါဇီယာဘတ်မြို့ရှိ ဒတ်စနာဒေဝီဘုရားကျောင်းမှ မဟာ ယနတစ်ဦးဖြစ်သူ အစွန်း ရောက် ယာတီ နာဆင်းဟာနန် ဂီရီသည် မိမိ ၏ အမုန်းစကားများနှင့် မွတ်စလင်မ် များအပေါ် လူမျိုးတုံး သတ်ဖြတ် မှု လှုံ့ဆော်မှုများကြောင့် လူသိများပြီး အလ်ဖလာဟ် တက္ကသိုလ် ၊ ဂျာမေအဟ်မစ်လီယဟ် အစ္စလာမ်မီယဟ် ၊ အလီဂဲရ်ဒ် မွတ်စလင်မ် တက္ကသိုလ် နှင့် ဒါရိုလ်အူလူမ် ဒေယိုဗန် တို့ကို စစ်ရေးအရ အရေး ယူရန် တောင်းဆိုခဲ့ပါတယ်။

၎င်းအနေဖြင့် မိမိ၏  ဗီဒီယိုထုတ်ပြန်ချက်မှာ သူက “ အလ်ဖလာဟ် တက္ကသိုလ် ၊ အာမာဒူမိုဒီတက္ကသိုလ်၊ ဂျာမေအဟ်မစ်လီယဟ် အစ္စလာမ်မီယဟ် နှင့်  ဒါရိုလ်အူလူမ် ဒေယိုဗန် လို အကြမ်းဖက်စခန်းများ ကို အမြောက်နဲ့ ပစ်မှတ်ထားသင့်ပြီး စစ်တပ်ကို စေလွှတ်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒီမုန်းတီးတဲ့ ဖော်ပြချက်ဟာ အိန္ဒိယနိုင်ငံမှာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုလို့ ယူဆရတဲ့ စုံစမ်းစစ်ဆေးမှုအတွင်း အလ်ဖလာဟ် တက္ကသိုလ် က ပါမောက္ခ သုံး ဦးကို မကြာသေးမီက ဖမ်းဆီးခဲ့ပြီးနောက် ထွက်ပေါ်လာ တာဖြစ်ပါ တယ်။ ရဲများ၏  အဆိုအရ သူတို့ဟာ ဒေလီဗုံးပေါက်ကွဲမှုအမှုမှာလည်း သံသယရှိသူများ ဖြစ်တယ်လို့ ဆိုပါ တယ်။

ဗီဒီယိုထဲမှာ ယာတီ နာဆင်းဟာနန် ဂီရိ က “အလ်ဖလာဟ် တက္ကသိုလ် ၊ ဖရီးဒ်အာဗါဒ်  မှာရှိတဲ့ ဒီတက္ကသိုလ် လို့ခေါ်တဲ့ တက္ကသိုလ်ဟာ ဖမ်းဆီးခံထားရတဲ့ အကြမ်းဖက်ပါမောက္ခများ နှင့် တခြားသူတွေ နေထိုင်တဲ့ နေရာဖြစ် တယ် လို့ ဆိုထားပါတယ်။

ဆက်လက်ပြီး အစွန်းရောက် ဟိန္ဒူ ဘုန်းကြီး မှ အဲဒီမှာ ဗုံးပေါက်ကွဲမှုတွေမှာ သေဆုံးသွားတဲ့ အကြမ်း ဖက်သမားတွေ အတွက်လည်း ဝမ်းနည်းကြေကွဲခဲ့ကြကြောင်း  ဟိန္ဒူတွေ! ခင်ဗျားတို့ ဘာဖြစ်နေကြလဲ ဆိုတာ ကြည့်ပါဦး။ သူတို့ရဲ့ အကြမ်းဖက်သမားတွေကို ဝမ်းနည်းကြေကွဲနေကြပေမယ့် ကျနော် က သူတို့အကြောင်း အမှန်တရားကို ကမ္ဘာကို ပြောပြပေမယ့် ခင်ဗျားတို့က ကျွန်တော့်ကို တစ်ယောက်တည်း ထားခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။

သူက ထပ်လောင်းပြီး  "ကျနော် သူတို့ကို စော်ကားခဲ့တယ်၊ သူတို့ရဲ့ ခေါင်းဆောင်များနဲ့ ပြိုင်ခဲ့တယ်။ သူတို့က အခြေအနေတိုင်းမှာ သူတို့ရဲ့ ပြည်သူတွေဘက်က ရပ်တည်ခဲ့တယ်၊ အဲဒါကြောင့် သူတို့မှာ နိုင်ငံ ၅၇ နိုင်ငံရှိတယ်။ ဒါပေမယ့် ခင်ဗျားတို့ အတွက် တိုက်ပွဲဝင်သူတွေကို စွန့်လွှတ်ခဲ့ကြ တယ်၊ အဲဒါကြောင့် ခင်ဗျားတို့ မှာ ဘာမှ မကျန်တော့ဘူး။"ဟု ပြောကြားခဲ့ပါတယ်။

ယာတီ နာဆင်းဟာနန် ဂီရီ က ဆက်လက်ပြီး  "ကျနော်ကို ထားခဲ့ကြပါ။  ဒါက ကျနော် ဘဝရဲ့ နောက်ဆုံးအရွယ် ရောက်နေပါပြီး။ ဖြစ်သင့်တာတွေ ဖြစ်ခဲ့ပါပြီ။ ခင်ဗျား တို့ ကလေးတွေ အသက်ရှင်စေချင်ပြီး ခင်ဗျား တို့ မျိုးဆက် ရှင်သန်စေချင်ရင်၊ အရင်ဆုံး ကိုယ့်အတွက် တိုက်ပွဲဝင်နေတဲ့သူတွေကို ဘယ်လိုထောက်ခံရမလဲဆိုတာ သင်ယူ ကြပါ။ အလ်ဖလာဟ် တက္ကသိုလ် ၊ အဲဟ်မဒ်အာဗါဒ် တက္ကသိုလ် နှင့် ဒါရိုလ်အူလူမ် ဒေယိုဗန် လို အကြမ်း ဖက်စခန်းတွေကို စစ်တပ်ဖြန့်ကျက်ပြီး အမြောက်တွေနဲ့ ဗုံးကြဲသင့်တယ်။ ခင်ဗျားတို့ ခေါင်းဆောင်တွေကို အမြောက်နဲ့ ဖျက်ဆီးဖို့ ဖိအားပေးပါ။ မဟုတ်ရင် ခင်ဗျားတို့ ထွက်ပေါက်ရှိမှာ မဟုတ်ဘူး လို့ ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတွင် မကြာသေးမီက ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် မွတ်စလင်မ် ဆန့်ကျင်ရေး ဟောပြော ချက်များ နှင့် ခြိမ်းခြောက်မှုများ မြင့်တက်လာခဲ့ပြီး ဟိန္ဒူအစွန်းရောက်အများစု က ဤကိစ္စ ကို လူမှုကွန်ရက်များ တွင် ထုတ်ပြန်ခဲ့ ကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha