၂၅ နိုဝင်ဘာ ၂၀၂၅ - ၂၂:၄၉
အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ၏ ပြင်သစ်ခရီးစဉ်

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ဟိုက်လန်းရှိ ဓာတုလက်နက်များ တားမြစ်ရေးအဖွဲ့အစည်းသို့ တက်ရောက်ပြီးနောက် ပြင်သစ်နိုင်ငံခြား ရေး ဝန်ကြီး ၏ ဖိတ်ကြားချက်အရ ပါရီသို့ ထွက်ခွာသွားမည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အဆိုအရ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က သတင်းထောက်များနှင့် စကားပြောဆိုရာတွင် အီရန် နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ဟိုက်လန်းရှိ ဓာတု လက်နက် များ တားမြစ်ရေးအဖွဲ့သို့ တက်ရောက်ပြီးနောက် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ပါရီသို့ ထွက်ခွာသွားမည်ဟု ကြေညာခဲ့ပါတယ်။

ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ ၏ အဆိုအရ ခရီးစဉ်တွင် အီရန်နိုင်ငံသူ   မဲဟ်ဒီယေဟ် အစ်ဖန်ဒ်ဒီယာရီ ၏ အခြေအနေ  ဒေသတွင်းနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုများ အပါအဝင် နှစ်နိုင်ငံ ကိစ္စရပ်များကို ဆွေးနွေး မည်ဖြစ် ပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် အခြားနိုင်ငံများအပေါ် မူအရချဉ်းကပ်မှုသည် အပြန် အလှန်လေးစား မှုအပေါ် အခြေခံထားပြီး မိမိတို့ ၏ရပ်တည်ချက် နှင့် တောင်းဆိုချက်များကို ရှင်းရှင်း လင်းလင်းဖော်ပြရန် အခွင့်အရေးတိုင်းကို အသုံးပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဤတောင်းဆိုချက်များတွင် အစ္စရေးအစိုးရ၏ ပါလက်စတိုင်းနှင့် လက်ဘနွန်တွင် ရာဇ၀တ်မှုများ ဆက်လက် ကျူးလွန်နေမှု၊ နျူကလီးယားပြဿနာနှင့် အခြားအရေးကြီးသော နိုင်ငံတကာကိစ္စရပ်များ ပါဝင်ပါတယ်။

ယခုခရီးစဉ်အတွင်း အီရန်၏ ရပ်တည်ချက်ကို ရှင်းပြမည်ဖြစ်ပြီး အီရန်နိုင်ငံ၏ တရားဝင်တောင်းဆိုချက်များကို ပြင်သစ်ဘက်နှင့် ဆွေးနွေးမှုများတွင် တင်ပြမည်ဖြစ်ကြောင်း အီစ္စမာအီ ဗကာအီ က ရှင်းပြခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha