အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA အစီရင်ခံစာအရ စဟန်ဒ် ၂၀၂၅ စစ်ရေးလေ့ကျင့်မှုများအကြောင်း သတင်းထောက်များအား ရှင်းလင်း တင်ပြစဉ် ဗိုလ်ချုပ်ကြီး ဝလီမအ်ဒနီ က လွန်ခဲ့သော နှစ်နှစ်က အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ် ရှဟီးဒ် မိုဟမ္မဒ် ဘာကဲရ်ရီ သည် ဤလေ့ကျင့်ခန်းများအတွက် အုတ်မြစ်ချပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
နှစ်ပတ်လည် အကြမ်းဖက်မှုတန်ပြန်ရေးလေ့ကျင့်ခန်းများသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အမှု ဆောင်ကော် မတီ၏ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် လေ့ကျင့် ခန်းကို အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် စတုတ္ထမြောက်နိုင်ငံဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဝလီမအ်ဒနီ က ပြောကြားခဲ့ပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အမှုဆောင်ကော်မတီတွင် ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ရုရှား၊ ပါကစ္စတန်၊ ကာဂျစ္စတန်၊ တရုတ်၊ ကာဇက်စတန်၊ အီရန်၊ အိန္ဒိယနှင့် ဘီလာရုစ်ကဲ့သို့သော ဒေသတွင်းရှိ အရေးကြီးသောနိုင်ငံများ ပါဝင်ကြောင်း ဗိုလ်ချုပ်ကြီး ဝလီမအ်ဒနီ က ပြောကြားခဲ့ပါတယ်။
စဟန်ဒ် ၂၀၂၅ ပူးတွဲအကြမ်းဖက်မှုတန်ပြန်ရေးလေ့ကျင့်ခန်း၏ ဗိုလ်ချုပ်ကြီး က ဤနိုင်ငံများသည် တရားဝင် အဖွဲ့ဝင် များ အဖြစ် လေ့ကျင့်ခန်းတွင် ပါဝင်နေပြီး ဆော်ဒီအာရေဗျ၊ အဇာဘိုင်ဂျန်သမ္မတနိုင်ငံ၊ အိုမန်နှင့် အီရတ် အပါအဝင် အိမ်နီးချင်းနိုင်ငံများသည် လေ့လာသူများအဖြစ် ပါဝင်နေကြောင်း ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ဝလီမအ်ဒနီ က ဤလေ့ကျင့်ခန်းများသည် တနင်္ဂနွေနေ့မှ စတင်ခဲ့ပြီး ၎င်း၏ အဓိကအခမ်းအနားကို ယနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဤ စဟန်ဒ် ၂၀၂၅ စစ်ရေး လေ့ကျင့်မှုများ သည် ငါးရက်ကြာ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဝလီမအ်ဒနီ က ဆက်၍ ပြောကြားခဲ့ပါတယ်။
စဟန်ဒ် စစ်ရေး လေ့ကျင့်မှု ဆိုသည်မှာ IRGC (ခ) အစ္စလာမ်မစ်တော်လှန်ရေး အစောင့် တပ် နှင့် အကြမ်း ဖက်မှု၊ မူးယစ် ဆေးဝါးသွေးဆောင်မှု ၊ ဒေသ လုံခြုံရေး၊ စီးပွားရေး ပူးပေါင်းမှု အတွက် သဘောတူထားသည့် နိုင်ငံ များ နှင့် ပူပေါင်း လေ့ကျင့် သည့် စစ်ရေး လေ့ကျင့်မှု ကိုခေါ်ဆိုခြင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment