၂၁ ဒီဇင်ဘာ ၂၀၂၅ - ၂၂:၀၉
ကဇွာရိုဇဟ် ထားရန် ရှိနေလျင် မွတ်စ်သဟဗ် ရိုဇဟ် ထားလို့ရပါသလား?

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ မှ ကဇွာရိုဇဟ် ထားရန် ရှိနေလျင် မွတ်စ်သဟဗ် ရိုဇဟ် ထားလို့ရပါသလား? နှင့် ပတ်သက်သည့် ရှရီအီ မတ်စ်အလဟ် ကိုတင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ မှ ကဇွာရိုဇဟ် ထားရန် ရှိနေလျင် မွတ်စ်သဟဗ် ရိုဇဟ် ထားလို့ရပါသလား?  ဆိုင်ရာ ရှရီအီ မတ်စ်အလဟ်ကိုတင်ပြလိုက်ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ၏ ရှရီအီ မတ်စ်အလဟ် ကိုတင်ပြလိုက်ခြင်း ဖြစ်ပါ တယ်။ အောက်ပါ အတိုင်းဖြစ်ပါတယ်။

«  အကြင်သူ (မိုအ်မင်သို့မဟုတ် မိုအ်မေနသ်) တစ်ဦးတစ်ယောက် သည် ကဇွာ နမာဇ် များ ဝတ်ပြုရန် ကျန် ရှိနေမည် ဆိုလျင် လည်း မွတ်စ်သဟဗ် နမာဇ် များကို ဝတ်ပြုနိုင်ပါတယ်။ သို့သော် အကြင်သူ(မိုအ်မင်သို့မဟုတ် မိုအ်မေ နသ်) တစ်ဦးတစ်ယောက်သည်  လမြတ် ရမ်ဒွါန် ၏ ရိုဇဟ် ထားရန် ကျန်သေးရှိ ပါက မွတ်စ်သဟဗ် ရိုဇဟ် မထားနိုင် ချေ။  »

အကြံပြုချက် - ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ တင်ပြထားသည့်ရှရီအီ မတ်စ်အလဟ်သည် ရှင်းလင်းနေပါတယ်။ ဤ အတွက်ကြောင့်  အထူးသတိပြုရမည့် အချက် တစ်ချက်ရှိပါတယ်။ ထိုအချက်မှာ မြန်မာနိုင်ငံ တွင် အချို့ သည် ရိုဇဟ် အား လမြတ် ရမ်ဒွါန် တွင် ရသလောက်ထားပြီး ကဇွာ ပြန်ထား ဖို့ မလိုဟု တင်နေကြပါတယ်။  တရားတော်အရ အရွယ်ရောက်ပြီးသူ ယောက်ကျားလေး ဖြစ်စေ ၊ မိန်းကလေး ဖြစ်စေ ရိုဇဟ် ကို ရက် အပြည့်ထားရမည်မှာ ဝါဂျစ်ဗ် ဖြစ်ပါတယ်။ ရသလောက် ရိုဇဟ်ထားမည် ၊နမာဇ် ၅ ကြိမ် အစား ရသလောက် အကြိမ် သာနမာဇ် ဖတ်မည်ဆိုသည့် ခံယူချက်သည် လုံးဝ မှားယွင်းသည့် အချက်ဖြစ် ပါတယ်။ တရားတော်မှ ခွင့်ပြုထား သည့် အခြေအနေ  (ပမာ အားဖြင့် အမျိုးသမီးများရာသီသွေးပေါ်ချိန် ၊ အရေးကြီးခရီးသွားရချိန် ၊ ဆရာဝန် မှ ရောဂါကြောင့် ရိုဇဟ်မထားရန် မှာထားချိန် စသည်ဖြင့် )  မှ အပ ရိုဇဟ် အား လွတ်ခွင့် မရှိချေ။ ပြီးနောက် ရိုဇဟ် များအား တရားတော် မှ ခွင့်ပြုထားသည့် အခြေအနေတွင် မထားဖြစ်လျင်လည်း နောက်နှစ် ရမ်ဒွါန် လမြတ် မရောက်မီ ကဇွာ ရိုဇဟ်များကို ပြည့်အောင်ထားရပေမည်။ ဤနေရာတွင် ရောဂါကြောင့် နောက်နှစ် အထိ  ရိုဇဟ် မထားနိုင်သေးလျင်လည်း မိမိသက်ဆိုင်ရာ မရ်ဂျအ် ရုံး သို့မဟုတ် ကိုယ်စားလှယ် သို့ မဟုတ် ၎င်းတို့ကို ဆက်သွယ်နိုင် သည့် အာလင်မ် တစ်ပါးပါး အား မေးမြန်း ပြီး ပေးလာသည့် အဖြေအတိုင်း လိုက်နာ ဆောင်ရွက်သင့်ပါတယ်။ မွတ်စ်သဟဗ် ရိုဇဟ် ထားရမည့် ရက်များ ကို မိမိ၏ ဝါဂျစ်ဗ် ရိုဇဟ်များကို ထားပြီး အင်န်ရှာအလ္လာဟ် အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် ဝါဂျစ်ဗ် ရိုဇဟ် များ ကိုလက်ခံပြီး မွတ်စ်သဟဗ် ရိုဇဟ်များ ဆဝါးဗ် ကိုလည်း ပေးသနားတော်မူမည်ဆိုသည့် မျှော်လင့်ချက် ဖြင့် ထားရမည် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha