အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စရေးနိုင်ငံ၏ အိမ်ပါတီ ဥက္ကဋ္ဌနှင့် ယခင် ကာကွယ်ရေးဝန်ကြီးဟောင်းသည် က ဇန်နဝါရီလ ၁၉ ရက်နေ့ က hebat Knesset (အစ္စရေးပါလီမန်) အစည်းအဝေးတွင် အီရန်နှင့် ရင်ဆိုင်ရပါက အစ္စရေး၏ ပြင်ဆင်မှု အခြေအနေ နှင့် ပတ်သက်၍ ပြောကြားခဲ့ပါတယ်။
အစ္စရေး မီဒီယာတစ်ခုဖြစ်သည့် Ma’ariv ၏ အစီရင်ခံစာအရ အေဗစ်ဂ်ဒေါ် လီဘာမန်းသည် အီရန်နှင့် ပတ်သက်၍ အစ္စရေး၏ လုံခြုံရေး ပြင်ဆင်မှုများအပေါ် အာရုံစိုက်ခဲ့ပြီး အစ္စရေးသည် အီရန်နှင့် စစ်ပွဲတစ်ခု အတွက် ပြင်ဆင်မှုမရှိသေးကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
လီဘာမန်းက ဤသို့ ဆက်လက်ပြောကြားခဲ့ပါတယ် « ကျွန်တော်က မနေ့က သတင်းစာတွေထဲမှာ နေတန်ယာဟု က အီရန်ကို တိုက်ခိုက်တာကို ရွှေ့ဆိုင်းပေးဖို့ ထရမ့်ကို တောင်းဆိုနေတာကို ဖတ်လိုက်ရပါ တယ်။ အကြောင်း ရင်းက ကျွန်တော်တို့ရဲ့ ကာကွယ်ရေးအပိုင်းမှာ ပြင်ဆင်မှုမရှိသေးလို့ပဲဖြစ်ပါတယ် ။ အီရန် က အစ္စရေးရဲ့ ဗျူဟာ မြောက် ပစ်မှတ်တွေကို ပစ်မှတ်ထားနေတာကတော့ ထင်ရှားပါတယ်။ ကျွန်တော် အသေးစိတ် မပြော ချင်တော့ ပါဘူး၊ ဒီထက်ပိုပြီး ရှင်းပြလို့မရလို့ ဖြစ်ပါတယ်။ »
ကာကွယ်ရေးဝန်ကြီးဟောင်းသည် အောက်တိုဘာလအစောပိုင်းကတည်းက ကာကွယ်ရေးဆိုင်ရာ ပြင်ဆင်မှုများ လိုအပ်ကြောင်း သတိပေးခဲ့ပြီး ဘင်ဂျမင် နေတန်ယာဟုကလည်း အစ္စရေးသည် အီရန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ပြင်ဆင်မှု မရှိသေးကြောင်း မကြာသေးမီက ဝန်ခံခဲ့သည်ဟု အလေးထား ပြောကြားခဲ့ပါတယ်
၎င်းက အီရန်က မဟာဗျူဟာကျတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်လာခဲ့ရင် ကျွန်တော်တို့မှာ ချက်ချင်း ဆုတ်ခွာဖို့ လိုအပ်တဲ့ ပြင်ဆင်မှု မရှိကြောင်း ဒါကြောင့် အကြီးအကျယ် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်ကြောင်း အစိုးရရဲ့ အစီရင်ခံစာတွေအရ အစ္စရေးလူမျိုး သန်း ၃ သန်းကျော်ဟာ သင့်တော်တဲ့ ခိုလှုံရာနေရာ မရှိဘဲ နေထိုင် နေရတယ် ဆိုတာကိုလည်း အတည်ပြုထားကြောင်း ပြောကြားခဲ့ပါတယ်။
လီဘာမန်းက ယခင်စစ်ပွဲ (၁၂ ရက်စစ်ပွဲ) ကတည်းက ကာကွယ်ရေးကဏ္ဍမှာ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိခဲ့ သေးကြောင်း အလေးပေးပြောကြားခဲ့ပြီး အစ္စရေး၏ ကာကွယ်ရေးနဲ့ လုံခြုံရေး အခြေခံအဆောက်အအုံကို ရက်တိုနှင့် ရက်ရှည် အစီအစဥ်ဖြင့် နှစ်ခုလုံးမှာ ပြောင်းလဲပစ်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဟောင်းက အစ္စရေးမှာ ကမ္ဘာ့အကောင်းဆုံး လေတပ်ရှိနေပေမယ့် အီရန်ရဲ့ ဒုံးပျံစွမ်း ရည်ကိုလည်း အသိအမှတ်ပြုခဲ့ပြီး အီရန်၏ Emad-1 ၊ Shahab-3၊ Khorramshahr စသည့် ဘယ်လစ်စတိတ် ဒုံးကျည်များ၏ တကယ်စွမ်းအားကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရကြောင်း အီရန်တွေဟာ မိမိ တို့၏ စမ်းသပ်မှု တစ်ခု တည်းနှင့် နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ သုတေသနအားလုံး၊ အချက်အလက်တွေနှင့် အတွေ့အကြုံ အားလုံးကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
သူက အစ္စရေးအနေနှင့် တိုက်လေယာဉ်အများကြီး ဝယ်ယူတာထက် ဒုံးပျံတပ်ဖွဲ့တစ်ခုကို တည်ထောင် သင့်ကြောင်း အလေးထားပြောကြားခဲ့ပြီး ခေတ်သစ်စစ်ပွဲ အများစုဟာ ဒုံးကျည်များနှင့် သာ ပတ်သက် ဆက်နွယ် နေ ပါတယ် လို့ ပြောကြားခဲ့ပါတယ်။
#သတင်းမှန်များကို အချိန်နှင့် တပြေးညီအများပြည်သူသိနိုင်ရန် မိမိတို့ အသုံးပြုသည့် Facebook / Telegram / Instagram /Twitter / Viber / Tiktok စသည်တို့တွင် Share ပေးကြပါရန် လေးစား စွာ မေတ္တာ ရပ်ခံအပ်ပါတယ်။ ကြိုတင်ကျေးဇူးတင်ရှိပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment