၁ မတ် ၂၀၂၆ - ၀၇:၄၇
ရန်သူများ ရှုံးနိမ့်သည်အထိ « ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၄  » ကို  ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း အီရန် ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

အီရန် ကာကွယ်ရေးဝန်ကြီးဌာနက ရန်သူကို အပြည့်အဝအရှုံးပေးသည်အထိ « ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၄ » (ခ) « စစ်မှန်သည့် ကတိကဝတ် စစ်ဆင်ရေး ၄ » ကို ဆက်လက်ဆောင်ရွက်မည်ဟု ကြေညာလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်တစ်စောင်တွင် ယခင်ကကဲ့သို့ပင် « ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၄  »  (ခ) « စစ်မှန်သည့် ကတိကဝတ် စစ်ဆင်ရေး ၄ » ကို ကို ဆက်လက်ဆောင်ရွက်ရန် လက်နက်ကိုင်တပ်ဖွဲ့များအား လက်နက်ပစ္စည်းများနှင့် လိုအပ်သော အရင်းအမြစ်များအားလုံးကို အပြည့်အဝ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ရန်သူများ အပြည့်အဝရှုံးနိမ့်သည်အထိ စစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ပါတယ်။

အီရန် ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အမေရိကန်၏ ပြစ်မှုနှင့် ကျူးကျော်မှုများကြောင့် ကျရှုံးမှု နှင့် သိမ်းပိုက်ထားသော ဇီယွန်နစ်အစိုးရ၏ ပျက်ယွင်းမှုနှင့် ပြစ်ဒဏ်ခံရမှု ဖြစ်စဉ်များ အရှိန်မြှင့် လာမည်ဟု ဖော်ပြ ထားပါတယ်။

ကြေညာချက်တွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ အလေးပေးပြောဆိုချက်အတိုင်း အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များသည် ယခု တစ်ကြိမ်တွင် အီရန်ပြည်သူလူထု၏ အပြည့်အဝ ထောက်ခံမှုဖြင့် ရန်သူများကို ပိုမို ခိုင်မာပြီး ပိုမို နောင်တရ စေမည့် လက်တုံ့ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha