အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ « ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၄ » (ခ) « စစ်မှန်သည့် ကတိကဝတ် စစ်ဆင်ရေး ၄ » အောက်တွင် သိမ်းပိုက်ထားသော ပါလက်စတိုင်း၏ ဒေသအသီးသီးရှိ ဇီယွန်နစ် စခန်းများအား အီရန်၏ ဒုံးကျဉ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက် ရှိပါတယ်။
အစ္စရေး မှ ပြင်းထန်စွာ ထိန်းချုပ်ကန့်သတ်ထားသော်လည်း အီရန်၏ ဒုံးကျည် တိုက်ခိုက်မှုများ သက်ဆိုင်သော ဓာတ်ပုံများနှင့် ဗီဒီယိုများ စတင်ထွက်ပေါ် လာနေပြီ ဖြစ်ပါတယ်။ ဗီဒီယိုတစ်ခုတွင် အီရန်မှ ပစ်လွှတ်လိုက်သော ဒုံးကျည် တစ်စင်းသည် ဘီယာ အယ်ဆေဘာ (Beer Sheva) ဒေသတွင် ကျရောက်နေသည်ကို တွေ့ရပါတယ်။
သတင်းရင်းမြစ်များအရ ဇီယွန်နစ် အစိုးရမှ မိမိတို့ကျရှုံးမှုများကို ကမ္ဘာမှမသိအောင် အီရန် ဒုံးကျည် တိုက်ခိုက်မှုများနှင့် ပတ်သက်သည့် သတင်းများနှင့် ဓာတ်ပုံများ ထုတ်ပြန်ခြင်းကို တားဆီးနိုင်ရန် ကြိုးစား နေ ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment