၁၂ မတ် ၂၀၂၆ - ၁၃:၁၃
၁၀၀၀ ကီလိုမီတာကျော် မှ အနီးသို့မကပ်ရဲသည့် အမေရိကန် စစ်သင်္ဘောများ

အမေရိကန်၏ လေယာဉ်တင်စစ်သင်္ဘောများသည် ယခင်က စစ်မတိုင်မီ ဒေသသို့ စစ်ရေးလေ့ကျင့်မှုအမည်ဖြင့် လှုပ်ရှားကာ ကြောက်ရွံ့မှုဖန်တီးရန် ကြော်ငြာသဘောဖြင့် အသုံးပြုခဲ့ကြရပါတယ်။ သို့သော် ယခုအချိန်တွင် အီရန်၏ ဒုံးကျည်များ၏ အစွမ်းကို မြင်ပြီး ကြောက်ရွံ့သဖြင့် ရှေ့တန်းသို့ နီးကပ်လာရန် မရဲတော့ဘဲ ပါရှန်း ပင်လယ်ကွေ့မှ ထောင်ချီသော ကီလိုမီတာအကွာတွင်သာ တပ်စွဲနေကြကြောင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

«  ရမ်ဒွါန် စစ်  »ဟု ခေါ်သော ချမှတ်ခံစစ်စစ်ပွဲ စတင်မတိုင်မီ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံအပေါ် ခြိမ်းခြောက်မှုများ ပြင်းထန် လာခဲ့သည့် နေ့များတွင် အမေရိကန် လေယာဉ်တင်စစ်သင်္ဘောများ၏ လေ့ကျင့် လှုပ်ရှားမှုများ ကို မကြာခဏ တွေ့မြင်ရခဲ့ပါတယ်။ အဆိုပါ စစ်သင်္ဘောများကို အမေရိကန်၏ စစ်ရေးအင်အား၏ သင်္ကေတဟု ဆိုကြပြီး၊ မည်သည့်နိုင်ငံတစ်ခုသို့ ဦးတည်ရွှေ့လျားလာသည်ဆိုလျှင် ထိုနိုင်ငံတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်ဟု ပြောဆိုခဲ့ကြပါတယ်။

ဤသို့ ခြိမ်းခြောက်မှုနှင့် အင်အားကြီးမားမှုကို အလွန်အကျွံ ဖော်ပြနေသည့် အခြေအနေတွင်  ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ အမေရိကန် သမ္မတက … ကျနော်တို့ အီရန်ဘက်ကို စစ်သင်္ဘောပို့လိုက်ပြီ လို့ မကြာခဏ ပြောနေပါတယ်။ ကောင်းပြီ၊ စစ်သင်္ဘောဆိုတာ တကယ်ပဲ အန္တရာယ်ရှိတဲ့ စက်ကိရိယာတစ်ခုပါ။ ဒါပေမယ့် စစ်သင်္ဘောထက် ပိုပြီး အန္တရာယ်ရှိတာက အဲဒီ စစ်သင်္ဘောကို ပင်လယ်အောက်ဆုံးထိ ပစ်ချနိုင်သည့် လက်နက်ပဲ ဖြစ်တယ် ဟု မိန့်ကြားခဲ့ပါတယ်။  

ယခု တကယ့် စစ်ပွဲအခြေအနေတွင် အမေရိကန် စစ်သင်္ဘောများသည် ပါရှန်းပင်လယ်ကွေ့မှ ထောင်ချီသော ကီလိုမီတာအကွာတွင်သာ ရှိနေကြပြီး၊ အီရန်၏ ရေပြင်နယ်မြေများသို့ နီးကပ်လာလျှင် အီရန် ဒုံးကျည် များ၏ ပစ်မှတ်ဖြစ်သွားမည်ကို ကြောက်ရွံ့နေကြပါတယ်။ အမှန်တကယ်လည်း ဤစစ်ပွဲအတွင်း အီရန်၏ ဒုံးကျည် များက ထိုစစ်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြသဖြင့် ၎င်းတို့သည် ထိုဒုံးကျည် များမှ ကာကွယ်ရန် နီးကပ်လာရန် မရဲတော့ခြင်း ဖြစ်ပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် ယခု အချိန် ထိ မိမိတို့ ၏ နောက်ဆုံးပေါ် ဒုံးကျည်များကို မထုတ်သုံးရသေးကြောင်း နောက် ကမ္ဘာ နှစ်နိုင်ငံ (အီရန် ၊ ရုရှား ) သာ ပိုင်ဆိုင်ထားသည့် ရေအောက် ဒုံးကျည် ကို အသုံးမပြုရသေးကြောင်း မှတ်သားသင့်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha