၂၈ မတ် ၂၀၂၆ - ၂၃:၄၃
ယမန်နိုင်ငံသားများသည် ဇီယွန်နစ်စစ်အစိုးရ အပေါ် တိုက်ခိုက်မှုများကို စတင်

ယမန်နိုင်ငံ၏ အန်ဆွာရိုလ္လာဟ် သည် အမေရိကန် နှင့် ဇီယွန်နစ်စစ်အစိုးရတို့က အီရန်အပေါ် တရားမဝင် စစ်ရေးကျူးကျော်မှု စတင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အသိမ်းပိုက်ခံ နယ်မြေများရှိ ဒေသများကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အယ်လ်မယာဒင်းန် ကွန်ယက်က ကြေညာခဲ့ရာတွင် ဇီယွန်နစ်မီဒီယာများက ခဏအကြာတွင် အီရန် နှင့် မတရား စစ်ပွဲ စတင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယမန်နိုင်ငံ မှ ဒုံးကျည် အချို့ကို မိမိတို့၏ တောင်ပိုင်းဘက်သို့ ပစ်ခတ်ခဲ့ ကြောင်း ဆိုထားပါတယ်။

တစ်ချိန်တည်းတွင် အသိမ်းပိုက်ခံ နယ်မြေများ၏ တောင်ပိုင်းဒေသများဖြစ်သည့် အီလတ်၊ နေဂဗ်နှင့် အာရတ်ဒ်တို့အပါအဝင် နေရာများတွင် လေကြောင်းတိုက်ခိုက်မှု သတိပေးအချက်ပေးသံများ ထွက်ပေါ် လာခဲ့ပါတယ်။

အမေရိကန် နှင့် ဇီယွန်နစ်စစ်အစိုးရသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် တွင် အီရန်နိုင်ငံ၏ မြေပေါ်သို့ တရားမဝင်စစ် ကျူးကျော် စစ် တိုက်ခိုက်ခဲ့ပြီး အစ္စလာမ်မစ် တော်လှန်ရေး၏ အမြင့်ဆုံးခေါင်းဆောင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  ၊ အဆင့်မြင့် စစ်တပ်အရာရှိအချို့နှင့် ပြည်သူအချို့ကို ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။ ။ ထို့အပြင် အမေရိကန်က မီနာဗ် မြို့ရှိ ကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူ ကလေး  ၁၇၀ ကျော်လည်း ရှဟီးဒ် ဖြစ်ခဲ့ ရပါတယ်။

အီရန်နိုင်ငံသည် မိမိ၏ တရားဝင် ကိုယ်တိုင်ကာကွယ်ရေးအခွင့်အရေး၏ မူဘောင်အတွင်း သိမ်းပိုက်ခံနယ်မြေများနှင့် ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး တယ်လ်အဗစ် နှင့် ဝါရှင်တန်နှင့် ဆက်နွယ်သော သင်္ဘောများကို ဟော်မုဇ် ရေလက်ကြား မှ ဖြတ်သန်းခွင့်မပြုဘဲ တားဆီးခဲ့ပါတယ်။

အီရတ် နှင့် လက်ဘနွန်ရှိ တော်လှန်ရေးအဖွဲ့များသည် အီရန်ကို ထောက်ခံကူညီရန် ဇီယွန်နစ် ရန်သူ နှင့် အမေရိကန်၏ တရားမဝင် ကျူးကျော်မှုကို တုံ့ပြန် တိုက်ခိုက်ခဲ့ကြပါတယ်။  ယခင်က ယီမင် တော်လှန်ရေး အဖွဲ့ကလည်း သင့်တော်သော အချိန်တွင် ဤ စစ်ဆင်ရေးတွင် ပူးပေါင်းမည်ဟု ကြေညာ ခဲ့ပြီးဖြစ်ပါတယ်။ ယခု မိမိတို့ ပြောထားသည့် အတိုင်းစတင်လိုက်ပြီး ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha