အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် ရုပ်မြင်သံကြား ဌာန (IRIB)၏ အစီရင်ခံစာအရခရိုအေးရှားရှိ အမေရိကန်သံရုံးက ခရိုအေးရှားကို “မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့ (NATO) ၏ အဖိုးတန် မိတ်ဖက်တစ်ဦးနှင့် ယုံကြည်စိတ်ချရသော မိတ်ဆွေ” ဟု ချီးကျူးခဲ့ပြီး၊ အမေရိကန် ရေတပ်ယူနစ်များသည် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် ခရိုအေးရှားသို့ မကြာခဏ လာရောက်ကြကြောင်း အလေးပေးဖော်ပြခဲ့ပါတယ်။
ဤခရီးစဉ်သည် သင်္ဘောပေါ်ရှိ တပ်ဖွဲ့ဝင်များအတွက် ခရိုအေးရှားနိုင်ငံ၏ ယဉ်ကျေးမှုနှင့် သဘာဝ ဆွဲဆောင်မှုများကို သိရှိလေ့လာနိုင်သည့် အခွင့်အရေးတစ်ရပ်ကို ပေးစွမ်းသလို၊ အရေးကြီးသော မိတ်ဖက်နိုင်ငံ တစ်နိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်၊ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများနှင့် မျှဝေထားသော တန်ဖိုးများ အပေါ် အခြေခံသည့် နှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း တိုးမြှင့်ခိုင်မာစေရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ယခင်က ကာကွယ်ရေးလေ့လာသုံးသပ်သူ Jack Buckby က သတိပေးခဲ့သည်မှာ၊ USS Gerald Ford လေယာဉ်တင်သင်္ဘောပေါ်တွင် ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများကြောင့် ၁၂ လမှ ၁၄ လအထိ ကြာနိုင်သော ပြုပြင်ထိန်းသိမ်းရေးကာလ လိုအပ်နိုင်ကြောင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment