၂၉ မတ် ၂၀၂၆ - ၀၈:၀၄
အမေရိကန် စစ်ရေးနှင့် လေကြောင်းအာကာသ လုပ်ငန်းများနှင့် ဆက်စပ်သည့် စက်မှုလုပ်ငန်း ၂ ခုကို အီရန် အစ္စလာမ်မစ်တော်လှန်ရေးအ‌စောင့်တပ်မှ တိုက်ခိုက်

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ချက်တစ်စောင်တွင် ဒေသအတွင်းရှိ အမေရိကန် စစ်ရေးနှင့် လေကြောင်းအာကာသ စက်မှုလုပ်ငန်းများနှင့် ဆက်စပ်သည့် စက်မှုလုပ်ငန်း ၂ ခုကို ဒုံးကျည် နှင့် ဒရုန်း တိုက်ခိုက်မှုများဖြင့် ထိရောက်စွာ ပစ်မှတ်ထားခဲ့ကြောင်း ကြေညာ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews သတင်းဌာန ၏ အစီရင်ခံစာ အရ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ ပြန်ကြားရေးဌာနက အောက်ပါအတိုင်း ထုတ်ပြန်ခဲ့သည်။

ဗစ်မေလ္လာဟ်ဟေရ်ရဟ်မန်နေရ်ရဟီးမ်

အမေရိကန်၊ဇီယွန်ဝါဒ ဆိုင်ရာ ရန်သူများက ပင်လယ်ကွေ့ဒေသ တောင်ဘက်အနားရှိ နိုင်ငံများမှ စတင်၍ ကျွန်ုပ်တို့၏ ချစ်ခင်ရသော နိုင်ငံ၏ စက်မှုအခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အကျင့်ဆိုးပြုလုပ်မှုနောက်တွင်၊ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ လေကြောင်းအာကာသတပ်ဖွဲ့နှင့် ရေတပ်မှ စစ်သည်များသည် ပေါင်းစပ်စစ်ဆင်ရေးတစ်ရပ်ကို စီမံဆောင်ရွက်ခဲ့ပါသည်။

ထိုစစ်ဆင်ရေးအတွင်း ဒေသအတွင်းရှိ အမေရိကန် စစ်ရေးနှင့် လေကြောင်းအာကာသ စက်မှုလုပ်ငန်းများနှင့် ဆက်စပ်သည့် စက်မှုလုပ်ငန်း ၂ ခုဖြစ်သော ယူအေအီးရှိ EMAL အလူမီနီယမ် စက်ရုံ နှင့် ဘာရိန်းရှိ ALBA အလူမီနီယမ်စက်ရုံ များကို ဒုံးကျည် နှင့် ဒရုန်းများဖြင့် ထိရောက်စွာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါသည်။

ထို့အပြင် EMAL စက်ရုံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး အလူမီနီယမ် ထုတ်လုပ်ရေးလိုင်းကို ပိုင်ဆိုင်ထားပြီး နှစ်စဉ် ထုတ်လုပ်မှု စွမ်းရည်မှာ တန်ချိန် ၁.၃ သန်း ခန့်ရှိပါသည်။ ALBA စက်ရုံမှာလည်း အမေရိကန် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် အစုရှယ်ယာ ပါဝင်မှုများရှိပြီး အမေရိကန် တပ်မတော်၏ စစ်ရေး စက်မှု လုပ်ငန်း များ အတွက် အရေးပါသော ထုတ်လုပ်မှုတွင် ပါဝင်ပါသည်။

ထုတ်ပြန်ချက်တွင် အီရန်နိုင်ငံ၏ တုံ့ပြန်မှုသည် ရန်သူများ၏ ခြိမ်းခြောက်မှုနှင့် ကျူးကျော်မှုများအပေါ် “မျက်စိ တစ်ဖက် အတွက် မျက်စိတစ်ဖက်” ဟူသော အဆင့်တွင် မကန့်သတ်တော့ကြောင်းလည်း ဖော်ပြထားသည် ။ ယင်း အစား မည်သည့်ကျူးကျော်မှုမဆို ထိုအဆင့်ထက် ပိုမိုပြင်းထန်ပြီး ရန်သူများ၏ စစ်ရေးနှင့် စီးပွားရေး အခြေခံ အဆောက်အအုံများအပေါ် ထိခိုက်နစ်နာစေမည့် ပြင်းထန်သော ထိုးနှက်မှုများဖြင့် တုံ့ပြန်သွားမည်ဟု လည်း ‌ထုတ်ပြန်ထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha