၃၁ မတ် ၂၀၂၆ - ၂၃:၀၉
အီရန်နိုင်ငံ အစ္စဖဟန်မြို့တွင် အမေရိကန်၏ MQ-9 ဒရုန်းတစ်စင်းကို ပစ်ချဖျက်ဆီးခဲ့

အစ္စဖဟန်တွင် အီရန်၏ အစ္စလာမ် မစ်တော်လှန်ရေး အစောင့် တပ် (IRGC) ၏ လေကြောင်း ကာကွယ်ရေး စနစ်က ရန်သူ၏ အဆင့်မြင့် MQ-9 ဒရုန်းကို ပစ်မှတ်ထား၍ ဖျက်ဆီးနိုင်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ  IRGC ၏ ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာခဲ့ပြီး အစ္စဖဟန် ပြည်နယ်၏ လေကြောင်းနယ်ပယ်အတွင်း ရန်သူ၏ MQ-9 ဒရုန်းကို ပစ်ချနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်တွင် နိုင်ငံ၏ ပေါင်းစည်းထားသော လေကြောင်းကာကွယ်ရေးကွန်ယက်အောက်တွင် လုပ်ဆောင် နေသော ခေတ်မီ ကာကွယ်ရေးစနစ်များက ဒရုန်းကို အချိန်မီ ရှာဖွေဖမ်းဆီးကာ ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားထားပါတယ်။

အစီရင်ခံစာအရ တနင်္ဂနွေနေ့တွင်လည်း ဟော်မုဇ် ရေလက်ကြား ၏ အရှေ့ဘက်ပိုင်းတွင် အမေရိကန်ထုတ် MQ-9 ဒရုန်းတစ်စင်းကို အီရန် လေကြောင်းကာကွယ်ရေးစနစ်က အောင်မြင်စွာ တားဆီးပြီး ပစ်ချနိုင်ခဲ့ပါတယ်။

အီရန်အာဏာပိုင်များ၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စတင်သော စစ်ရေးအခြေအနေအတွင်း အီရန်၏ ပေါင်းစည်းထားသော လေကြောင်းကာကွယ်ရေးဌာနချုပ်က ယနေ့အထိ အမေရိကန်နှင့် အစ္စရေးတို့၏ စုစုပေါင်း ဒရုန်း ၁၃၈ စင်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha