၃၁ မတ် ၂၀၂၆ - ၂၃:၅၈
အကောင်းတကာ အကောင်းဆုံးသူ

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် အကောင်းတကာ အကောင်းဆုံးသူ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နဲဟ်ဂျိုလ် ဖွဆွာဟဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی اللہ علیه وآله وسلم :

ذروه سنام الإسلام الجهاد فی سبیل اللَّه لا یناله إلّا أفضلهم؛۔

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

«  အစ္စလာမ်ဘာသာ၏ အမြင့်ဆုံးအဆင့်မှာ အလ္လာဟ်၏ လမ်းတွင် ဂျေဟာဒ် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ထိုအဆင့် ကို မွတ်စလင်မ် များအနက် အကောင်းဆုံးသူများသာ ရရှိနိုင်ကြပါသည်။  »

ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ် ဖွဆွာဟဟ် ကျမ်း

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး အစ္စလာမ်၏ အမြင့်ဆုံးအဆင့်မှာ အလ္လာဟ်၏ လမ်းတွင် ဂျေဟာဒ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရမည် ဖြစ်ပါတယ်။ ဂျေဟာဒ် စကားလုံးသည် တစ်ခုတည်းသော အဓိပ္ပါယ် မဟုတ်ဘဲ အလွန်ကျယ်ပြန့်ပါတယ်။ ဟဒီးစ်တော် တွင် ဂျေဟာဒ် တစ်ခုတည်းကို ဆိုလိုထားခြင်း မဟုတ်ပဲ  ဂျေဟာဒ် ဒေအက္က်ဘဲရ်  နှင့် ဂျေဟာဒ်ဒေ အဇ်ဂဲရ် နှစ်မျိုးစလုံးကိုပါ ဆိုလိုထားခြင်း ဖြစ်ပါတယ်။  

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha