၂၅ ဧပြီ ၂၀၂၆ - ၂၀:၂၃
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ အခြေအနေ နှင့် ခေါင်းဆောင်မှုဆိုင်ရာ နောက်ဆုံးရသတင်း

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ အခြေအနေ နှင့် ခေါင်းဆောင်မှုဆိုင်ရာ နောက်ဆုံးရသတင်းကို တင်ပြလိုက်ပါတယ်။ အလ္လာဟ်ဟို အရှင်မြတ် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ကာကွယ်စောင့်ရှောက်တော်မူပါစေ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အခင်းဖြစ်ပွားရာနေရာတွင် ရှိနေသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ အဆိုအရ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် အပျက် အစီးများ ကြားမှ အနည်းငယ်သာ ဒဏ်ရာများ ရရှိခဲ့ပြီး အရိုးကျိုးခြင်း မရှိကြောင်း သိရပါတယ်။

တီဗီဖန်သားပြင်မှ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ မလာရခြင်းမှာ နာဂျဖ် ၊ ကွမ်း နှင့် မရှ်ဟဒ် မှ အိုလမာ နှင့် လုံခြုံရေး အရာရှိများက အာယာ သွလ္လာဟ် ၏ ဘေးကင်းရေးကို သေချာစေရန် ရည်ရွယ်ချက်ရှိရှိ ဆုံးဖြတ်ချက်ချခဲ့ခြင်း ကြောင့် မပေါ်လာ သေးခြင်းဖြစ်ပါတယ်။ ရန်သူများ သတင်းဖွနေသလို မဟုတ်ချေ။

အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် ခေါင်းဆောင်မှုဆိုင်ရာ အစည်း အဝေးများကို ဆက်လက်ကျင်းပနေပြီး တိုက်ပွဲကို စစ်ရေးအခြေအနေများကို ကိုယ်တိုင် စောင့်ကြည့် နေပါတယ်။

အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ နှင့်ပတ်သက်ပြီး အီရန်ပြည်သူလူထု နှင့် အာယာသွလ္လာဟ် အားအချစ်ထားသူတိုင်း အနေဖြင့် စိုးရိမ်ပူပန်မှု မရှိစေရန် တောင်းဆိုအပ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha