၂ မေ ၂၀၂၆ - ၀၉:၃၃
အီရန်အပေါ် ပြုလုပ်ခဲ့သည့် ကျူးကျော်စစ်ကြောင့် အမေရိကန် ၆၃၀ ဘီလီယံ မှ ၁ ထရီလီယံ ဒေါ်လာ ထိနစ်နာ

အမေရိကန် သည်အီရန်အပေါ် ကျူးလွန် ခဲ့သည့် မတရား စစ်ပွဲကြောင့် စီးပွားရေးနှင့် ပြည်သူများအပေါ် ကြီးမား သော ထိခိုက် နစ်နာမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အယ်လ်ဂျာဇီးရာ၏ အစီရင်ခံစာတစ်ရပ်အရ အမေရိကန် သည် အီရန်နှင့် စစ်ပွဲဖြစ်ပွားခဲ့သည့် အတွက် အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူများအပေါ် ကြီးမားသော ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အစီရင်ခံစာတွင် စစ်ပွဲကြောင့် ဖြစ်ပေါ်နိုင်သော ကုန်ကျစရိတ်သည် အနည်းဆုံး ဒေါ်လာ ၆၃၀ ဘီလီယံမှ တစ်ထရီလီယံ ဒေါ်လာအထိ ရှိနိုင်ကြောင်း ဆိုထားပါတယ်။

ထို့အပြင် စစ်ရေး လှုပ်ရှားမှုများ၊ လုံခြုံရေးစရိတ်များ၊ စီးပွားရေးအပေါ် သက်ရောက်မှုများနှင့် ပြည်သူများ၏ နေထိုင်မှုဘဝအပေါ် ထိခိုက်မှုများကြောင့် အမေရိကန်၏ စီးပွားရေးတွင် အလွန်ကြီးမားသော ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်နေကြောင်းကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

ဤဆုံးရှုံးမှုများသည် ထရမ့် ၏ မဆင်မခြင် နေတန်ယာဟု ၏ စကားကိုနားထောင်ခံသည့် ရလဒ် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha