၄ မေ ၂၀၂၆ - ၂၃:၂၄
ဟော်မုဇ်ရေလက်ကြားပိတ်သိမ်းမှုကြောင့် ကူဝိတ်၏ ရေနံတင်ပို့မှုမှာ သုညသို့ရောက်ရှိ

အီရန်၏ ဟော်မုဇ်ရေလက်ကြားပိတ်သိမ်းမှုကြောင့် ကူဝိတ်၏ ရေနံတင်ပို့မှုမှာ လုံးဝရပ်တန့်သွားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ နိုင်ငံတကာ သင်္ဘောတင်ပို့မှုနှင့် ရေနံသယ်ယူပို့ဆောင်ရေးကို စောင့်ကြည့် သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Tanker Trackers က ကူဝိတ်သည် ၂၀၂၆ ခုနှစ် ဧပြီလအတွင်း ရေနံစိမ်းတင်ပို့မှု တစ်ကြိမ်မျှ မတင်ပို့ခဲ့ကြောင်း ထို့ကြောင့် ၎င်း၏ ရေနံတင်ပို့မှုမှာ သုညသို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အသေးစိတ် အချက်အလက်များအရ Tanker Trackers က လူမှုကွန်ရက်ဝက်ဘ်ဆိုက် X တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပထမပင်လယ်ကွေ့စစ်ပွဲအပြီး ကူဝိတ်၏ ရေနံစိမ်းတင်ပို့မှု လုံးဝရပ်တန့်သွားချိန်တွင် ဤအခြေအနေ သည် ပထမဆုံးအကြိမ် ပေါ်ပေါက်လာခဲ့ဖြစ်ပါတယ်။

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုအပြီးတွင် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများ သွားလာမှု ကို ထိခိုက်ခဲ့ပြီး ဒေသတွင်းရှိ ရေနံတင်သင်္ဘောများ၏ သွားလာမှုကို ပြင်းထန်စွာ အနှောင့် အယှက် ဖြစ်စေခဲ့ ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

သတင်းရင်းမြစ်များ၏ အဆိုအရ ဟော်မုဇ်ရေလက်ကြားရှိ တင်းမာမှုသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်နှင့် လောင်စာထောက်ပံ့မှုကိုသာမက ရေနံဓာတုထုတ်ကုန်များ၊ ဓာတ်မြေဩဇာများနှင့် အခြားအရေးကြီးသော ကုန်ပစ္စည်းများ၏ ထောက်ပံ့ရေးကွင်းဆက်ကိုပါ ထိခိုက်စေခဲ့ပါတယ်။

ဤအခြေအနေတွင် အီရန်သည် အမြဲတမ်းအပစ်အခတ်ရပ်စဲရေး ထူထောင်ပြီး စစ်ပွဲကို လုံးဝအဆုံးသတ်ပါက လိုအပ်သော ဘေးကင်းရေးမူများနှင့် လုံခြုံရေးလိုအပ်ချက်များအောက်တွင် ဟော်မုဇ်ရေလက်ကြားရှိ ရေကြောင်းသွား လာမှု၏ ဘေးကင်းရေးကို သေချာစေရန် အသင့်ရှိကြောင်း ကြေညာခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha