အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ ခါသန်မိုလ်အန်ဗီယာ(ဆွ)ဗဟိုစစ်ဌာနချုပ် ၏ ဗိုလ်ချုပ်ကြီး အလီ အဗ်ဒွလ္လာဟ်ဟီ က မည်သည့်နိုင်ငံခြားအင်အားကြီးနိုင်ငံမဆို၊ အထူးသဖြင့် အမေရိကန်စစ်တပ်သည် ဟော်မုဇ် ရေလက်ကြားသို့ ချဉ်းကပ်ရန် သို့မဟုတ် ဝင်ရောက်ရန် ကြိုးစားပါက ပြင်းထန်သောတုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့ပါတယ်။
အသေးစိတ်အချက်အလက်များအရ ဗိုလ်ချုပ်ကြီး အလီ အဗ်ဒွလ္လာဟ်ဟီ က မိမိ ၏သတင်းစကားတွင် အီရန်သည် ဟော်မုဇ်ရေလက်ကြား၏ လုံခြုံရေးသည် အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝရှိပြီး ဘေးကင်းသောလှုပ်ရှားမှုအားလုံးကို အီရန်လက်နက်ကိုင် တပ်ဖွဲ့များ၏ ညှိနှိုင်းမှုဖြင့်သာ ဆောင်ရွက်နိုင်ကြောင်း အကြိမ်ပေါင်းများစွာ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်အာဏာပိုင်များနှင့် တပ်ဖွဲ့များသည် နိုင်ငံတကာနှင့် လွတ်လပ်သော ပင်လယ်ရေကြောင်း ဒေသများတွင် ပင်လယ်ဓားပြလုပ်ရပ်များတွင် အချိန်အတော်ကြာ ပါဝင်ပတ်သက်နေပြီး ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေးကို အန္တရာယ်ဖြစ်စေနေကြောင်း ဗိုလ်ချုပ်ကြီး က အမေရိကန်ကို ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးအီရန်နိုင်ငံနှင့် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များသည် မည်သည့်ခြိမ်းခြောက်မှု သို့မဟုတ် ကျူးကျော်မှု ကိုမဆို ခိုင်မာပြီး နောင်တရ ဖွယ်ကောင်းသော တုံ့ပြန်မှုကို ပေးနိုင်ရန် အပြည့် အဝစွမ်းရည်ရှိ ကြောင်း အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက နားလည်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်သည် ဟော်မုဇ်ရေလက်ကြား၏ လုံခြုံရေးကို ၎င်း၏အစွမ်းအစဖြင့် ထိန်းသိမ်းမည်ဖြစ်ပြီး ထိုဒေသကို ခိုင်မာသောနည်းလမ်းဖြင့် ထိန်းချုပ်ပြီး ထိန်းညှိသွားမည်ဟု အီရန်တပ်မှူးက ထပ်လောင်းပြောကြားခဲ့သည်။
မိမိတို့၏ လုံခြုံရေးကို အန္တရာယ်မဖြစ်စေရန်အတွက် ကုန်သွယ်ရေးသင်္ဘောများနှင့် ရေနံတင်သင်္ဘောများအား အီရန်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိတွေ့ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းခြင်းကို ရှောင်ကြဉ်ရန် အလီအဗ်ဒွလ္လာဟ်ဟီက သတိပေးခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး အလီ အဗ်ဒွလ္လာဟ်ဟီ က အီရန်သည် မည်သည့်နိုင်ငံခြားအင်အားကြီးနိုင်ငံမဆို၊ အထူးသဖြင့် အမေရိကန်စစ်တပ်သည် ဟော်မုဇ်ရေလက်ကြားသို့ ဝင်ရောက်ရန် သို့မဟုတ် ချဉ်းကပ်ရန် ကြိုးစားပါက တိုက်ရိုက်တန်ပြန်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည်ဟု ရှင်းရှင်းလင်းလင်း သတိပေးထားကြောင်း ထပ်မံ အလေးပေး ပြောကြားခဲ့ပါတယ်။
အမေရိကန်၏ ရန်လိုသောလုပ်ရပ်များ၏ ရလဒ်သည် ဒေသတွင်းအခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး ဤရေလမ်းကြောင်းရှိ ရေကြောင်းသွားလာမှုလုံခြုံရေးကို အန္တရာယ်ဖြစ်စေသောကြောင့် ပြန်လည်ပြုပြင်၍ မရသော ပျက်စီးဆုံးရှုံးမှုများနှင့် နက်ရှိုင်းသော နောင်တရမှုများကို ဖြစ်ပေါ်စေနိုင်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန် လည်း ဗိုလ်ချုပ်ကြီး အလီ အဗ်ဒွလ္လာဟ်ဟီ က အမေရိကန်ကို ထောက်ခံသူများအား သတိပေး ခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment