၈ မေ ၂၀၂၆ - ၂၃:၅၆
အီရန်ဆန့်ကျင်ရေး ပိတ်ဆို့မှုများကို ပယ်ချရန် ပေကျင်း၏ ဆုံးဖြတ်ချက်ကို မော်စကိုကြိုဆို

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့မှုများ အကောင် အထည်ဖော်မှုကို ပိတ်ပင်ရန် တရုတ်၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRIBသတင်းအေဂျင်စီ၏ အဆိုအရ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်၏ တစ်ဖက် သတ် ပိတ်ဆို့မှုများသည် လွတ်လပ်သောနိုင်ငံများ၏ တရားဝင်အကျိုးစီးပွားများကို ဝင်ရောက် စွက်ဖက် ခြင်းဖြစ် သည်ဟု ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့မှုအသစ်များကို လျစ်လျူရှုရန် တရုတ်၏ ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ ကြိုဆိုကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ"မာရီယာ ဇာခါရိုဗာ" က အမေရိကန်၏ ပိတ်ဆို့မှုများကို တရားမဝင်ကြောင်း ဤတရားမဝင် ပိတ်ဆို့မှုများ အကောင်အထည်ဖော်မှုကို တားဆီးရန် တရုတ်အစိုးရ၏ ဆုံးဖြတ်ချက်သည် လုံးဝတရားဝင်ကြောင်း ထိုကဲ့သို့သော ပိတ်ဆို့မှုများသည် လွတ်လပ်သောနိုင်ငံများ၏ အရေးကြီးသော အကျိုးစီးပွားများကို ရှင်းရှင်းလင်းလင်း ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး တရားမဝင်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

အီရန်မှ ရေနံဝယ်ယူသည်ဟု စွပ်စွဲခံရသော တရုတ်ရေနံချက်စက်ရုံငါးခုအပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများ အကောင်အထည်ဖော်မှုကို "တရားမဝင်" ဟု ပေကျင်းက ယခင်က တရားဝင် အမိန့် ထုတ်ပြန် ခဲ့ပါတယ်။ တရုတ်နိုင်ငံကလည်း ပြည်တွင်းကုမ္ပဏီများနှင့် ဘဏ်များအား ဤပိတ်ဆို့မှုများကို လျစ်လျူရှုရန်နှင့် ၎င်းတို့၏ အကောင်အထည်ဖော်မှုတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အမိန့်ပေးခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha