၇ မေ ၂၀၂၆ - ၀၁:၅၉
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ရန်လိုတိုက်ခိုက်မှုသည် တရားမဝင်ကြောင်း တရုတ်ကပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ဒေသတွင်း တင်းမာမှုလျှော့ချရေးကို ထောက်ခံကြောင်း အမေရိကန်နှင့် အစ္စရေးတို့၏ လုပ်ရပ်များသည် တရားမဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံသည် ဒေသတွင်း တင်းမာမှုလျှော့ချရန် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

လုံးဝအပစ်အခတ်ရပ်စဲရေးသည် မရှိမဖြစ်လိုအပ်သော လိုအပ်ချက်တစ်ခုဖြစ်ကြောင်းနှင့် ဒေသတွင်းသည် ယခုအချိန်တွင် နှစ်ဖက်စလုံးအကြား တိုက်ရိုက်ဆက်သွယ်မှု လိုအပ်သည့် ဆုံးဖြတ်ချက်ချသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

 ဝမ်ယိ က မိမိ ၏ ကြေညာချက်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် လုပ်ရပ်များနှင့် တင်းမာမှုများ မြင့်တက်လာခြင်းသည် တရားမဝင်သော လုပ်ရပ်များဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တွေ့ဆုံစဉ် အီရန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ချီးကျူးခဲ့ပြီး ပေကျင်းသည် အမေရိကန်နှင့် အစ္စရေးတို့၏ ရန်လိုမှုကို ရှုတ်ချခြင်းဖြင့် ရှင်းလင်းပြတ်သားပြီး ခိုင်မာသော ရပ်တည်ချက်ကို ဆုပ်ကိုင်ထား ကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံအား အီရန်၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးအဖြစ် ခေါ်ဆိုခဲ့ပြီး လက်ရှိအခြေအနေများအရ နှစ်နိုင်ငံ ဆက်ဆံရေးသည် ယခင်ကထက် ပိုမိုခိုင်မာလာကြောင်း ပြောကြားခဲ့ပါတယ် ။ ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အီရန်အပေါ် ချမှတ်ထားသော စစ်ပွဲသည် ကျူးကျော်ရန်လိုသော လုပ်ရပ်တစ်ခုဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိဉာဉ်စာတမ်းကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထပ်မံအလေးပေးပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံသည် မိမိ ၏တရားဝင်အခွင့်အရေးများနှင့် အမျိုးသားအကျိုးစီးပွားများကို ကာကွယ်ရန် အစွမ်း ကုန်ကြိုးပမ်း သွားမည်ဖြစ်ပြီး တရားမျှတပြီး ပြည့်စုံသော သဘောတူညီချက်ကိုသာ လက်ခံမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha