၁၃ မေ ၂၀၂၆ - ၂၃:၅၈
ထရမ့်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေအပေါ် မေးခွန်းသစ်များ ထွက်ပေါ်၊ သုံးနာရီအတွင်း ပို့စ် ၅၀ ကျော် တင်ခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အချိန်တိုအတွင်း အငြင်းပွားဖွယ် လူမှုမီဒီယာပို့စ်များစွာကို မျှဝေခဲ့ ပြီးနောက် ၎င်း၏ စိတ်ကျန်းမာရေးနှင့်ပတ်သက်သော ဆွေးနွေးမှုများသည် ထပ်မံပြင်းထန်လာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehrသတင်းဌာန၏အစီရင်ခံစာအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မနေ့က နံနက်အစောပိုင်းတွင် သုံးနာရီအတွင်း လူမှုမီဒီယာပေါ်၌ ထူးထူးခြားခြား ပို့စ်အရေအတွက်များစွာကို မျှဝေခဲ့ပြီး ယင်းတို့တွင် ပူးပေါင်းကြံစည်မှု သီအိုရီများ၊ လှောင်ပြောင်သရော်သော ရုပ်ပုံများနှင့် မိမိကို ဝေဖန်သူများအပေါ် ပြင်းထန်သော တိုက်ခိုက်မှုများ ပါဝင်ခဲ့ပါတယ်။

အစီရင်ခံစာအရ အီရန်နှင့်စစ်ပွဲဆိုင်ရာ ကုန်ကျစရိတ်ကြီးမားမှုအပေါ် ပြည်တွင်းဖိအားများနှင့် ရင်ဆိုင်နေရသော ထရမ့်သည် သုံးနာရီအတွင်း ပို့စ် ၅၀ ကျော် တင်ခဲ့ပါတယ်။ ယင်းပို့စ်များတွင် ၎င်းသည် မိမိထောက်ခံသူများ၏ အကောင့်များမှ ဗီဒီယိုများ၊ screenshot များအပြင် AI ဖြင့် ဖန်တီးထားသော လှောင်ပြောင်သရော်သည့် ရုပ်ပုံများကိုလည်း မျှဝေခဲ့ပါတယ်။

ထရမ့်သည် ပို့စ်တစ်ခုတွင် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားကို နိုင်ငံသစ္စာဖောက်ဟု ခေါ်ဆိုကာ ဖမ်းဆီးရန် တောင်းဆိုခဲ့ပါတယ်။ ထို့ပြင် အခြားပို့စ်တစ်ခုတွင် FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ် ကိုမီအား အိုဘားမားနှင့် ဟီလာရီ ကလင်တန်တို့၏ ကိုယ်ပိုင် email server နှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှုတွင် ဖြစ်နိုင်ခြေရှိသော ဆက်နွယ်မှုများကို မှန်ကန်စွာ မသုံးသပ်ခဲ့ဟု စွပ်စွဲခဲ့ပါတယ်။

ဂျိမ်းစ် ကိုမီက အင်္ဂါနေ့တွင် CNN နှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် “ထရမ့်သည် ပထမ သမ္မတ သက်တမ်းပြီးနောက် ပြောင်းလဲသွားပါသလား” ဟူသော မေးခွန်းကို ဖြေကြားရာတွင် “ကျွန်တော့်အမြင်အရ သူ့အခြေအနေက မကောင်းတော့ဘူး။ ဒီစကားဟာ နိုင်ငံရေးဝေဖန်မှုလို ထင်ရနိုင်ပေမယ့် ဒီလူဟာ စိတ်ပိုင်း ဆိုင်ရာ ပြဿနာတစ်ခုခု ခံစားနေရသလို ဖြစ်နေတယ်။ မနေ့ညက သူတင်ခဲ့တဲ့ စိုးရိမ်ဖွယ်ပို့စ်တွေဟာ စစ်မှန်တဲ့ ရူးသွပ်မှုလိုပဲ” ဟု ပြောကြားခဲ့ပါတယ်။

ထို့နောက် ၎င်းက ထရမ့်ကို တိုက်ရိုက်ရည်ညွှန်း၍ “မင်းဟာ အသိစိတ်ပျောက်ဆုံးသွားသလိုပဲ” ဟု ဆိုခဲ့ ပါတယ်။

ထရမ့်သည် အခြားပို့စ်များတွင် အမေရိကန် တရားရေးဝန်ကြီးဌာန၏ ယာယီ အထွေထွေ အကျိုးဆောင် ရှေ့နေအပေါ်လည်း ဥပဒေရေးရာ အရေးယူရန် တောင်းဆိုခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်သည် ထရမ့်၏ ဝေဖန်သူများ အပေါ် စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့်ရန် ကြိုးစားနေသည်ဟု သတင်းများထွက်ပေါ်နေပါတယ်။

ထို့အပြင် အခြားပို့စ်များတွင် ထရမ့်က ၂၀၂၀ သမ္မတရွေးကောက်ပွဲတွင် မဲလိမ်မှုရှိခဲ့ကြောင်း မိမိ၏ စွပ်စွဲချက်အဟောင်းများကို ထပ်မံပြောကြားခဲ့ပါတယ်။

တစ်ဖက်တွင် Washington Post နှင့် ABC News တို့ ပူးတွဲပြုလုပ်သော စစ်တမ်းတစ်ခုအရ ပါဝင်ဖြေကြားသူ ၅၉ ရာခိုင်နှုန်းက ထရမ့်တွင် နိုင်ငံကို ဦးဆောင်ရန် လိုအပ်သော စိတ်ပိုင်းဆိုင်ရာ အရည်အချင်း မရှိကြောင်း ယုံကြည်ကြကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha