အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawzahnews၏အစီရင်ခံစာအရ ပါရှန်းပင်လယ်ကွေ့နိုင်ငံများ၊ အထူးသဖြင့် ဘာရိန်းနှင့် လက်ဘနွန်နိုင်ငံများမှ ဖိနှိပ်ခံရသော ရှီအဟ် များကို ထောက်ခံသည့် ဟောင်ဇဟ် များ နှင့် ဟစ်ဇ်ဘိုလာ အသိုင်းအဝိုင်း၏ ကြီးမားသော စုဝေးပွဲကို ဂျအ်မေအ်အေဟ်မိုဒရေစင်းန် ကွမ်း ၊ အမြင့်ဆုံးကောင်စီ နှင့် ဟောင်ဇေဟ် ကျောင်းများ စီမံခန့်ခွဲမှု၊ ဂျာမေအသိုလ်မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယဟ် ၊ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) နှင့် အခြား အဆင့်မြင့် ဟောင်ဇေဟ် အဖွဲ့အစည်းများ၊ သခင်မကြီးမအ်စူမဟ်ကွမ်း (စ.အ) ရောင်ဇာတော် မြတ် ၏ ရောင်ဇာတော် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) ရှဘက်စ်တန် (ဝတ်ပြုဆောင် ) တွင် ကျင်းပခဲ့ပါတယ်။
ဤစုဝေးပွဲတွင် ပါဝင်သူများသည် " အနိမ့်ကျမှု၊ ဖိနှိပ်မှုကို လက်မခံ ပါ "၊ "အမေရိကန် ကျရှုံးပါစေ "၊ "အစ္စရေးကျရှုံးပါစေ" စသည်တို့ကဲ့သို့သော ကြွေးကြော်သံများကို ကြွေးကြော်ကာ အမေရိကန်နှင့် ဇီယွန်ဝါဒီများ နှင့် ဒေသတွင်းနိုင်ငံများမှ ရှီအဟ် များအပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ရှုတ်ချခဲ့ကြပါတယ်။
ဟောင်ဇဟ်ကျောင်းသား များနှင့် ပြည်သူများ၏ စုဝေးပွဲ၏ လှပပြီး အံ့မခန်း ထင်ရှားမှုတစ်ခုမှာ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ သန့်ရှင်းသောအလံကို ကိုင်ဆောင်ထားပြီး အမေရိကန်နှင့် ဇီယွန်ဝါဒီ ရာဇဝတ်သားများကို ဆန့်ကျင်သော ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသော အီရန်မဟုတ်သော ကျောင်းသားများနှင့် ပညာရှင်များ၏ မိသားစုများနှင့်အတူ ရှိနေခြင်းပင်ဖြစ်ပါတယ်။
ဤကြီးကျယ်သော စုဝေးပွဲတွင် ကွမ်းမြို့ရှိ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ၏ ကိုယ်စားလှယ် H.I ၇ှိက်ခ် မိုအီးန် ဒကီးက် သည် ဇီယွန်ဝါဒီအစိုးရ၏ ရာဇဝတ်မှုများနှင့် လက်ဘနွန်အစိုးရ၏ သစ္စာဖောက်မှုများကို ရှင်းပြခဲ့ပြီး အစ္စလာမ်မစ် ခုခံရေးတပ်ဦး နှင့် ဒေသတွင်း ဖိနှိပ်ခံရသော ရှီအဟ် များအတွက် အစ္စလာမ်နိုင်ငံများ မှ ထောက်ခံမှုကို တောင်းဆိုခဲ့ပါတယ်။
နောင်ဟာခွါန် တစ်ဦးဖြစ်သူ ဟစန် အစဒ်ဒိုလ္လာဟ်ဟီ ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အကြောင်း ရွတ်ဆိုမှု များ သည် သခင်မကြီးမအ်စူမဟ်ကွမ်း (စ.အ) ရောင်ဇာတော် မြတ် ၏ တွင် ကျင်းပသော ဤကြီးကျယ်ခမ်းနားသော စုဝေးပွဲ၏ နောက်ထပ်အစီအစဉ်တစ်ခုဖြစ်ပြီး အခမ်းအနားကို အထူးကြီးကျယ်ခမ်းနားသော လေထုကို ပေးစွမ်းခဲ့ပါတယ်။
အီရန် နိုင်ငံ၏ အစ္စလာမ်ဘာသာရေး ဓမ္မကျောင်းများ၏ အမြင့်ဆုံးကောင်စီဝင် နှင့် မဂျ်လစ်စေ ခေဘ်ရေဂန် နေရဲဟ်ဗရီ ၏ ဥက္ကဋ္ဌ အဖွဲ့ဝင် အာယာသွလ္လာဟ် မိုဟ်စင် အရာကီ သည်လည်း အစ္စလာမ့် ကျောင်းသူ ကျောင်းသား များနှင့် ပြည်သူများ၏ စုဝေးပွဲတွင် အထူးဟောပြောသူအဖြစ် ဆောင်ရွက်ခဲ့ပြီး အီရန်နိုင်ငံနှင့် လွတ်လပ်မှု ရှာဖွေသူများ၏ ကမ္ဘာအာဏာရှင် စနစ် ကို ဆန့်ကျင်သည့် ထင်ရှားသော အောင်မြင်မှုများ၊ ခုခံတွန်းလှန်မှုများနှင့် ခုခံတွန်းလှန်မှုများအကြောင်း ရှင်းပြမိန့်ကြားခဲ့ပါတယ်။








++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment