၁၉ မေ ၂၀၂၆ - ၂၃:၅၉
ဗူးအပေါက် တစ်ရာ ပိတ်လို့ရတယ်၊ ပါးစပ်ပေါက် တစ်ပေါက် ပိတ်မရဘူး

ဤမြန်မာစကားပုံက လူ့ဘဝထဲမှာ စကားရဲ့ အင်အားနဲ့ အန္တရာယ်ကို သတိပေးတဲ့ စကားပုံ ဖြစ်ပါတယ်။ ဗူး၊ အိုး၊ ပစ္စည်းတွေမှာ အပေါက်များစွာရှိရင်တောင် လက်နဲ့ပိတ်နိုင်၊ နည်းလမ်းနဲ့ ပြုပြင်နိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ပါးစပ်က ထွက်လာတဲ့ စကားကိုတော့ အပြည့်အဝ ထိန်းချုပ်ဖို့ မလွယ်ကူ ကြောင်း သတိပေးနေတာဖြစ်ပါတယ်။ ဤအတွက်ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယသ်တော်များ ဟဒီးစ်တော်များ ကလည်း လမ်းညွှန်ဆုံးမထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လူတစ်ယောက် ပြောလိုက်တဲ့ စကားတစ်ခွန်းက အခြားလူတွေဆီကို ပြန့်သွားနိုင်ပြီး သတင်း၊ ကောလဟာလ၊ အထင်အမြင် မမှန်တွေ ဖြစ်လာစေနိုင်ပါတယ်။ ထိုကြောင့် စကားဟာ လွယ်ကူပေမယ့် အကျိုး သက်ရောက်မှုကတော့ အလွန်ကြီးမားပါတယ်။

ဆောင်ရန် အနေနဲ့ ကိုယ်ပြောမယ့် စကားကို စဉ်းစားပြီးမှ ပြောဖို့ လိုပါတယ်။ အထူးသဖြင့် အခြားသူရဲ့ လျှို့ဝှက်ချက်များ ၊ မသေချာတဲ့ သတင်းများ ကို မမျှဝေမိအောင် သတိထားရပါမယ်။ စကားကို ထိန်းနိုင်သူဟာ ယုံကြည်စိတ်ချ ရသူ ဖြစ်လို့ ဖြစ်ပါတယ်။

ရှောင်ရန် အနေနဲ့ မသေချာတဲ့ သတင်းများကို အလွယ်တကူ ဖြန့်ဝေခြင်း၊ စိတ်တိုစိတ်လှုပ်ချိန်မှာ စကားပြောဆို ခြင်း၊ အခြားသူကို ထိခိုက်စေမယ့် စကားများကို ပြောခြင်းတွေကို ရှောင်သင့်ပါတယ်။

ယနေ့ ဘာသာရေး လိုက်စားပါတယ်။ ဘာသာရေးကိုလေးစားပါတယ်ဆိုသူအများစု မှာ သူတစ်ပါး ရဲ့ လျှို့ဝှက် ချက် များ ၊ မသေချာတဲ့ သတင်းများ ၊ စွပ်စွဲ ချက်များ ၊ သိက္ခာချ သတင်းများ ကောလဟာလ သတင်း များ အထင်အမြင်သတင်းများ ကို အလွယ်တစ်ကူ ပေါက်သည်ချနေသည်ကို ဝမ်းနည်းဖွဘ်တွေ့ရမှာ ဖြစ်ပါတယ်။

အနှစ် ချုပ်အားဖြင့် ဒီစကားပုံက စကားကို ဂရုတစိုက် သုံးစွဲဖို့ နှင့် ပါးစပ်ကို ထိန်းနိုင်ခြင်းက လူ့ဂုဏ်သိက္ခာကို ကာကွယ်နိုင်တယ် ဆိုတဲ့ သင်ခန်းစာကို ပေးနေခြင်းဖြစ်ပါတယ်။

ဤအတွက်ကျမ်းတော်မြတ်ကုရ်အာန် ကလည်း အောက်ပါအတိုင်း မိန့်ကြားထားပါတယ်။

၁။ စကားကို ထိန်းချုပ်ရန် အမိန့်ပေးသော အာယသ်

يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَقُولُوا قَوْلًا سَدِيدًا

အီမာန် သက်ဝင်ယုံကြည်သူအပေါင်းတို့ ၊ အလ္လာဟ်ကို ကြောက်ရွံ့ကြပါလေ။မှန်ကန်သည့် စကားကိုသာ ပြောကြပါလေ။

 စူရဟ် ၃၃ ၊ အာယသ်တော်အမှတ် ၇၀

၂။ လူ့စကားအားလုံးကို မှတ်တမ်းတင်ထားကြောင်း သတိပေးသော အာယသ်

مَا يَلْفِظُ مِنْ قَوْلٍ إِلَّا لَدَيْهِ رَقِيبٌ عَتِيدٌ

လူတစ်ယောက် ပြောလိုက်တဲ့ စကားတစ်ခွန်းတိုင်းကို စောင့်ကြည့်မှတ်တမ်းတင်နေသော မလာအိကာများ ရှိနေပါသည်။

စူရဟ် ၅၀ ၊ အာယသ်တော် အမှတ် ၁၈

၃။ မသေချာသည့် သတင်းကို မပြောရန်

وَلَا تَقْفُ مَا لَيْسَ لَكَ بِهِ عِلْمٌ ۚ إِنَّ السَّمْعَ وَالْبَصَرَ وَالْفُؤَادَ كُلُّ أُولَٰئِكَ كَانَ عَنْهُ مَسْئُولًا

မသိသေချာတဲ့ အရာကို မလိုက်နာပါနှင့်။ နား၊ မျက်စိ၊ နှလုံးသား အားလုံးကို မေးခွန်းမေးခြင်း ခံရပါ လိမ့်မည်။

စူရဟ် ၁၇ ၊ အာယသ်တော်အမှတ် ၃၆

ဟဒီးစ်တော်များလည်း အောက်ပါအတိုင်း လာရှိပါတယ်။

၁။ မောင်လာအလီ (အ.စ) မိန့်ကြားတော်မူသည်။

«لِسَانُ الْعَاقِلِ وَرَاءَ قَلْبِهِ…»

အသိဉာဏ်ရှိသူ၏ စကားသည် နှလုံးသားနောက်တွင်ရှိသည်။

နဲဟ်ဂျိုလ်ဗလာဂဟ်ကျမ်း၊ ဟေက်မသ် ၄၀

၂။ မောင်လာအလီ (အ.စ) မိန့်တော်မူပါသည်။

«مَنْ كَثُرَ كَلَامُهُ كَثُرَ خَطَؤُهُ»

စကားများသူမှာ အမှားများတတ်သည်။

ဂိုရရိုလ်ဟေကမ် ကျမ်း  ၊ ဟဒီးစ်တော်အမှတ် ၈၉၁၇

၃။ အေမာမ် ဇိုင်နိုလ်အာဗဒီးန် (အ.စ) မိန့်ကြားတော်မူသည်။

«كَفُّ اللِّسَانِ أَمْنٌ مِنَ النَّدَامَةِ»

ပါးစပ်ကို ထိန်းနိုင်ခြင်းသည် နောင်တမှ ကာကွယ်ပေးပါသည်။

သိုဟ်ဖို အိုကူးလ် ကျမ်း

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha